အထက်အမိန့်အရ လုပ်ရသောကြောင့် ရန်ငြိုးမထားရန် ကျားဖြူကို လားရှိုးကော်မရှင်ပြော

ရွေးကောက်ပွဲကျင်းပပြီး ၄ ရက်ခန့်အကြာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ကျားဖြူပါတီလားရှိုးကော် တီ အကြီးအကဲ ၄-၅ ယောက်အားခေါ်ယူတွေ့ဆုံပြီး ၎င်းတို့အပေါ် အငြိုးအတေးမထားကြရန် မေတ္တာရပ်ခံ သည်ဟု စုံစမ်းသိရှိရသည်။

“ ၁၁ ရက်ကပေါ့။ လားရှိုးမြို့နယ်ကော်မရှင်တွေက ကျနော်တို့ကျားဖြူပါတီ ခေါင်းဆောင် ၄-၅ ယောက်နဲ့ လွှတ် တော်အမတ်လောင်း ၂-၃ ယောက်ခေါ်ပြီး သူတို့အပေါ်အငြိုး အတေး မထားဖို့၊ အထက် အမိန့် အရ လုပ်ရတာဖြစ်လို့ နားလည်ပေးဖို့ပြောတယ်။ ကျနော်တို့ လည်း နားလည်သဘောပေါက်တဲ့ အကြောင်း ပြန်ပြောတယ်” ဟု လားရှိုး ကျားဖြူ အမတ်လောင်းတဦးကပြောသည်။

မဲပုံးအကုန်မရေတွက်ဘဲ အနိုင်ရခဲ့သော ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော် ဒေါက်တာစိုင်းမောက်ခမ်း မှာမူ နေပြည်တော်မှဆင့်ခေါ်မှုကိုသာ စောင့်ဆိုင်း ရန်ရှိတော့ကြောင်း ၎င်းဆေးခန်းမှဝန်ထမ်းတဦး၏ မိသားစုဝင်က ပြောပြသည်။

“ ဒေါက်တာစိုင်းမောက်ခမ်း နေပြည်တော်သွားရင်တော့ သူ့ကို သျှမ်းစာပေယဉ်ကျေးမှုဥက္ကဌကနေ နှုတ်ထွက် ပြီးသားလို့မှတ်ယူရလိမ့်မယ်။ အရင်ကလည်း နှုတ်ထွက်ပေးဖို့ မကြာခဏတောင်းဆိုခဲ့ဖူးတယ်။ မူဆယ် ဘက်လဲတောင်းဆိုလာတယ်။ လားရှိုး သျှမ်းရုံးက ငွေကုန်ကြေးကျ အများကြီးခံပြီးဆောက်လုပ်ပြီး ပေမယ့် စာပေယဉ်ကျေးမှုအတွက် လှုပ်ရှားမှုတာဘာမှ သိပ်မတွေ့ရဘူး။ ကြံ့ခိုင်ရေးပါတီဝင်တွေ စုရုံး တဲ့နေရာ၊ ဧည့်ခံကျွေးမွေးတဲ့နေရာဘဲ ဖြစ်နေတယ်” ဟု ပြောပြသည်။

ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြိုင်ဘက် ကျားဖြူပါတီမှအမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ မှဆရာ စိုင်းခမ်းလိုင် မှာမူ ယခုနောက်ပိုင်း အေးတိအေးစက် မှိုင်တွေငြိမ်သက်သည့်အနေအထား၌ ရှိနေကြောင်း၊ မသမာနည်းဖြင့်ရှုံးခဲ့ရသည်ကို မကျေမချမ်းရင်ထုမနာဖြစ်ပုံရကြောင်း ၎င်း၏ မိတ်ဆွေတဦးကလည်း ပြောပြ သည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကျားဖြူပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ တစည ပါတီနှင့် ကိုးကန့်ပါတီတို့ ယှဉ်ပြိုင်ကြရာ ကြံ့ခိုင်ရေးပါတီမှ – အမျိုးသားလွှတ်တော် ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် စိုင်းမြင့်အေး၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၁) စိုင်းကြူနှင့် ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) စိုင်းခမ်းမတ် တို့က ကျန် ၃ ပါတီ အပေါ် အနိုင်ရရှိခဲ့သည်ဟု စစ်အစိုးရက တရားဝင်ကြေငြာခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: