SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း နအဖတပ် တိုးဖြည့်ဖြန့်ကျက်

ပြည်သူ့စစ်အသွင်ပြောင်းရန်ငြင်းဆန်သော အပစ်ရပ် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ(၁ ထိန်းချုပ်နယ် မြေသို့ ရွေးကောက်ပွဲမတိုင်မီ တပ်အင်အားတိုးချဲ့ဖြည့်တင်းထားသောနအဖတပ်များ ဆုတ်ခွါခြင်းမရှိသေးဘဲ ဖြန့်ကျက်နေရာ ယူထား ကြောင်း စုံစမ်းသိရှိရပါသည်။
“အင်အား ၁၈၀၀ လောက်ရှိတယ်။ တပ်မဟာ ၁ ဌါနချုပ်ရဲ့အရှေ့တောင်ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်တွေမှာ နေရာယူထားတယ် ” ဟု မိုင်းရှုးဒေသခံတစ်ဦးက ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်-ကျိုင်းတောင်းအခြေစိုက် ခမရ ၅၆၉ ၊ ၅၇၄ တို့ကရွေးကောက်ပွဲမတိုင်မီလုံခြုံရေး အကြောင်းပြ ကာ မိုင်းရှုးနှင့်မိုင်းနန်းဘက်သို့ သွားရောက်ဖြည့်တင်းခဲ့ခြင်းဖြစ်သည်။

“နမ့်လောင်းအုပ်စုကနေ သံလွင်မြစ် တာ့ပိန်းဖိဆိပ်အဆင်း ကားလမ်း၊ တိဟုန်းအုပ်စုက တာ့ဝန်းနောင်းကူးတို့ဆိပ်အသွား ကားလမ်း၊ တိဟုန်းအုပ်စုကနေ မိုင်းရှုးအသွားကားလမ်း၊တောင်ဟျိုးအုပ်စုအနားတ၀ိုက်နဲ့ တိဟုန်း အသွား လူသွားလမ်း လှည်းလမ်းတွေမှာ နအဖတပ်ချပိတ်ဆို့စစ်ဆေးနေတယ်။ နေရာအချို့ဖြန့်ကျက်စောင့်ဆိုင်းတယ်” ဟု ၎င်းကဆက်ပြောပါ သည်။

နိုဝင်ဘာ ၅ ရက်ကလဲ တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်နှင့်အတူ ကျောက်မဲအခြေစိုက် စကခ ၁ နှင့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းခမရ ၅၀၅ (နမ့်လန်) နှင့်ခမရ ၁၁၄ (နောင်ချို) တို့ကလည်း လားရှိုးမှတန့်ယန်းမိုင်းကောင်သို့ ရောက်သွားကြပြီး ယနေ့တိုင်တပ်ရုပ်ပြန်ခြင်းမရှိသေးကြောင်း ကျောက်မဲဒေသခံတစ်ဦးက အခုလိုပြောပါသည်။

“တိုင်းချုပ်အောင်သန်းထွဋ်နဲ့အတူ တပ်ရင်းမှူးတွေ မိုင်းကောင်ဘက်သို့ရောက်သွားကြတာ။ အခုထက်ထိဘဲ။ ရှေ့တန်းရင်းမှူး တွေတပ်မဟာ ၁ ထိန်းချုပ်နယ်မြေထဲ ကျေးရွာအုပ်စု ၃-၄ စုရဲ့ ဥက္ကဋ္ဌတွေကိုသွားခေါ်တွေ့တယ်။ ထင်းတွေဝါးတွေဆင့်ဆို တယ် ကြာကြာနေမယ့်ပုံဘဲ”

ယမန်နေ့ ရိက္ခာအပြည့်တင်ဆယ်ဘီးကားတစီးမိုင်းကောင် ခလရ ၃၃ ထဲရောက်သွားကြောင်း နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ဖျော်ဖြေရေးအဖွဲ့ကား ၄ စီးလည်းရောက်သွားကြောင်း၊မိုင်းကောင်ဘောလုံးကွင်း၌ ယမန်ညက အဆိုအက ဖျော်ဖြေပွဲလုပ် ကြောင်း မိုင်းကောင်ဒေသခံတစ်ဦးက ပြောပါသည်။

မိုင်းကောင်မြို့နယ်ခွဲ တောင်ဘက် ၇ မိုင်အကွာ တောင်ဟျိုးနှင့်နမ့်လောင်းကျေးရွာအုပ်စုအကြား လွယ်ဇောင့်တောင်ထိပ်ရှိ တပ်မဟာ ၁ တပ်စခန်းမှာမူတပ်ရုပ် ဆုတ်ခွါခြင်းမရှိသေးကြောင်း သိရှိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: