ဒေသခံ မျိုးချစ်ပုဂ္ဂိုလ်များ၏ ယိုင်းပင်းမှုကြောင့် မိုင်းယန်းမြို့ ၁၁ ရပ်ကွက် စလုံး ကျားဖြူပါတီ အနိုင်ရ

သျှမ်းပြည်အရှေ့ပိုင်း NDAA အထူးဒေသ ၄ တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေ နှင့်မျက်နှာချင်းဆိုင် မိုင်းယန်းမြို့တွင် ဒေသခံမျိုးချစ်ပုဂ္ဂိုလ် များ၏ အကူအညီ ဖြင့် ၁၁ ရပ်ကွက် စလုံး ကျားဖြူပါတီ အနိုင်ရသည်ဟု ထိုင်းနယ်စပ် တာချီလိတ် သတင်း ရပ်ကွက်က ဆိုပါသည်။

“ ဒါတောင်မှ ကျားဖြူပါတီက နအဖအာဏာပိုင်တွေကို တော်တော်လန့်နေပုံရတယ်။ ရပ်ကွက်အကြီးဆုံး ပေါက်ကတ် (ဈေးတန်း) မှာ မဲရေလို့မပြီးသေးဘူး ပြန်သွားကြပြီ။ တဖက်ကလဲ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် လုပ်တယ်လို့ နအဖက စွပ်စွဲမှာစိုးလို့လဲပါမှာပေါ့” – ဟု တာချီလိတ်ရောက် မိုင်းယန်းဒေသခံ တဦးကပြောပြသည်။

မိုင်းယန်းမြို့နယ်၌ ကျားဖြူပါတီမှ အမျိုးသားလွှတ်တော် စိုင်းကံညွန့် (အနိုင်အရှုံး မသိရသေး) မှလွှဲ၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းတစ် (၆၂ နှစ်)၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ စိုင်းနွံ (၅၃ နှစ် )၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ စိုင်းဆိုင်ဝမ်း ( ၃၃ နှစ်)တို့ အနိုင်ရရှိနေပြီး မဲရလဒ် အသေးစိတ်စောင့် နေဆဲဖြစ်သည်။

၇ ရက် ကလည်း ရယက ဥက္ကဌ စိုင်းဝန်းနှင့် မဲရုံမှူးတို့ပူးပေါင်း၍ ကျားဖြူပါတီအဖွဲ့ဝင်များအား ဈေးတန်းရပ်ကွက် မဲရုံ မှမောင်းထုတ်သည်ဟု သိရသည်။

မိုင်းယန်း၌ ကျားဖြူပါတီ အကြောက်လွန်မှုနှင့်ပါတ်သက်၍ ဒေသခံအိမ်ရှင်မတဦးကလည်း “ စည်းရုံးရေးဆင်း တုန်းကလဲ ဒေသခံလူထုထဲကို ထဲထဲဝင်ဝင်မရောက်ဘူး။ ကျားဖြူပါတီက သျှမ်းပါတီဖြစ်နေလို့သာ နိုင်သွားတာ။ သူတို့ က အကြောက် လွန်လွန်းအားကြီးတယ် ” ဟု ဝေဖန်ပြောဆို၏။

ရွေးကောက်ပွဲမတိုင်ခင်ကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် မြို့နယ်ကော်မရှင်တို့ပူးပေါင်း၍ မြို့တွင်း ကြိုတင်မဲကောက် ယူရာတွင် ရပ်ကွက်အကြီးအကဲများပင်အသိမပေးဘဲ တအိမ်တက်ဆင်း ကောက်ယူခဲ့သေးသည်ဟု အဆိုပါအိမ်ရှင်မက ဆက်၍ ဆို၏။

မိုင်းယန်းမြို့တွင် ကျားဖြူပါတီ နှင့် ကြံ့ခိုင်ရေးပါတီအပြင် တစညပါတီလည်း ၀င်ပြိုင်၏။ NDF အမျိုးသား ဒီမိုကရေစီတပ် ပေါင်းစု (ခမောက် ပါတီ) မှာမူ စည်းရုံးရေးဆင်းစဉ်ကတည်းက မြို့နယ်အာဏာ ပိုင်များ၏ မောင်းထုတ်ခြင်းခံရပြီး မဲလည်း မရခဲ့ကြောင်း မိုင်းယန်းမြို့ နအဖအာဏာပိုင်များနှင့်ရင်းနှီးသူ တဦးကပြော သည်။

ယနေ့မနက် ၁၁ နာရီအထိ ကျားဖြူပါတီ လက်ရှိအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၀ ဦးရှိပြီဖြစ်ကြောင်းသိရ သည်။
အမျိုးသားလွှတ်တော် ၃ ဦး (ရှမ်းပြည် ၂ ဦး၊ ကချင်ပြည်နယ် ၁ ဦး)
ပြည်သူ့လွှတ်တော် ၁၉ ဦး (ရှမ်းပြည် ၁၈ ဦး၊ ကချင်ပြည်နယ် ၁ ဦး)
ပြည်နယ်လွှတ်တော် ၃၇ ဦး (ရှမ်းပြည် ၃၄ ဦး၊ ကချင်ပြည်နယ် ၃ ဦး)
ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ၁ ဦး (မန္တလေးတိုင်းဒေသကြီး)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: