ရွေးကောက်ပွဲသတင်းများ နှင့် မြ၀တီတိုက်ပွဲသတင်းများ

မြ၀တီမှစစ်ပြေး ဒုက္ခသည် သောင်းချီ၍ ထိုင်းဘက်ရောက်

ကရင်ပြည်နယ် မြ၀တီမြို့မှ စစ်အစိုးရနှင့် DKBA တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ တိမ်းရှောင်လာသူ ဒုက္ခသည် ၃၀၀၀၀ ခန့် ရှိကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်ဟု သိရှိရသည်။ Read more Hits: 1388

လိုအပ်လျှင် DKBA ကိုကူမည်ဟု KNU ပြော

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ ၀င်များ ယနေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်၍ အကူ အညီ လိုပါက DKBA ဘက်မှ ကူ၍ တိုက်ရန် အသင့်ရှိကြောင်း ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၆ ဗိုလ်ကြီး စောထဲနေ က ဧရာဝတီသို့ ပြောသည်။ “ကရင်အမျိုးသား အချင်းချင်းဖြစ်တော့ နအဖက ဒီလိုလုပ်လာလို့ရှိရင်တော့ လိုအပ်ရင် အကူ အညီပေးရမှာပဲ”ဟု ၎င်းက ဆိုသည်။ Read more Hits: 3033

မြ၀တီမှာ တိုက်ပွဲဆက်ဖြစ်

ကရင်ပြည်နယ် မြ၀တီမြို့လယ်တွင် စစ်အစိုးရနှင့် DKBA တို့ တိုက်ပွဲများဖြစ်ပွားနေပြီး မီးလောင်မှုများလည်း ဖြစ်နေကြောင်း သတင်းရရှိသည်။ ဆက်လက်၍ ပစ်ခတ်မှုများရှိနေပြီး ညအချိန်တွင် ပိုဆိုးလာနိုင်ကြောင်း ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာသူ တဦး က ပြောသည်။ Read more Hits: 2626

ဘုရားသုံးဆူ အစိုးရ ရုံးတချို့ မီးလောင်

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် နောက်ဆုံး သတင်းအရ စစ်အစိုးရနှင့် DKBA တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ တပ်သား တချို့ ကျဆုံးခဲ့ပြီး သစ်တောရုံးနှင့် ရဲ အထူးတပ်ဖွဲ့ရုံးများ အပါအ၀င် အစိုးရရုံးများ ယခုအထိ မီး ဆက်လက် လောင်းကျွမ်း နေကြောင်း ဒေသခံတဦးက ပြော သည်။ ဒေသခံများကလည်း DKBA နှင့် စစ်အစိုးရတပ်များ ထပ်မံ တိုက်ပွဲဖြစ် မည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံဘက်နှင့် နီးစပ်ရာ ဆွေမျိုး အသိုင်းအ၀ိုင်းများထံ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။ Read more Hits: 2224

မြဝတီ အစိုးရနေရာများ DKBA ထိန်းချုပ်

မြဝတီမြို့ရှိ အဓိကကျသော အစိုးရရုံးနေရာများကို ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သော DKBA က ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။ နအဖတပ်များကလည်း ပြန်လည်သိမ်းပိုက်ရန် တပ်များစုစည်းနေကြောင်း၊ တိုက်ပွဲများအတွင်း ၇ ယောက်သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကြောင်းသိရသည်။ ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်တဦး၏ ဖခင်ဖြစ်သူလည်း အသတ်ခံရသည်ဟု ဆိုသည်။ Read more Hits: 3550

ဘုရားသုံးဆူတွင်လည်း တိုက်ပွဲဖြစ်

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူတွင် DKBA တပ်မဟာ ၉၀၇ နှင့် နအဖဘက်မှ ခမရ ၂၈၃ တို့ ယနေ့ နံနက်ပိုင်းတွင်တိုက်ပွဲ စဖြစ်နေကြောင်း၊ ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျသောကြောင့် ထိုင်းစစ်သား တဦးသေဆုံးကြောင်း၊ မျက်မြင်တချို့အဆိုအရ ဘုရားသုံးဆူ မြို့ပေါ်တွင် မီးခိုးလုံးများတက်နေပြီး လူသွားလူလာ ကျဲပါးနေကြောင်း သိရသည်။ Read more Hits: 2171

မြဝတီတွင် ပေါ်တာဆွဲနေ

မြဝတီတွင် နအဖ အစိုးရ စစ်တပ်နှင့် ရဲများက ပေါ်တာလိုက်လံ ဆွဲနေသဖြင့် အလုပ်သမား အများစု ထိတ်လန့်ကာ ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ပြေးဝင် ခိုလှုံ နေကြောင်း မြဝတီ ဒေသခံတဦးက ဧရာဝတီသို့ သတင်းပေးပို့သည်။ Read more Hits: 1146

ဂျပန်သတင်းထောက်ကို လ၀က ပုဒ်မဖြင့် တရားစွဲ

ဂျပန်သတင်းထောက်ကို လ၀က ပုဒ်မဖြင့် တရားစွဲကရင်ပြည်နယ် မြ၀တီမြို့သို့ ရွေးကောက်ပွဲ သတင်းယူရန် တရားမဝင် ၀င်ရောက်လာသူ ဂျပန် သတင်းထောက်အား မြ၀တီရဲက ဖမ်းဆီးပြီးနောက် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် တရားစွဲထားကြောင်း Read more Add comment (0) Hits: 2703

မတရားသည့် ရွေးကောက်ပွဲနှင့် ဖိအားများကြောင့် တိုက်ပွဲဖြစ်ဟု SSA ပြော

မတရားသည့် ရွေးကောက်ပွဲနှင့် ဖိအားများကြောင့် တိုက်ပွဲဖြစ်ဟု SSA ပြောထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ခွဲထွက် အဖွဲ့နှင့် စစ်အစိုးရ တပ်များ တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ ၎င်းတို့အပေါ် စစ်အစိုးရက ဖိအားပေးလွန်း Read more Add comment (0) Hits: 4690

ဓာတ်ငွေ့ပိုက်လိုင်းမီးလောင်၊ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာ မြို့နယ်တွင် ယနေ့နံနက် ၃ နာရီခန့်က ဓာတ်ငွေ့ ပိုက်လိုင်း မီးလောင်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။“အမှတ် ၄ လမ်းမဘေး Read more Add comment (0) Hits: 935

ရခိုင်တွင် နေရာအများစု၌ RNDP အနိုင်ရရန် သေချာ

ရခိုင်ပြည်နယ် အတွင်း နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) သည် လွှတ်တော်သုံးရပ် စလုံးအတွက် မဲဆန္ဒနယ် အားလုံးနီးပါးတွင် အနိုင်ရရန် Read more Add comment (0) Hits: 614

မသမာမှုများ မရှင်းပေးလျှင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု

မသမာမှုများ မရှင်းပေးလျှင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရွေးကောက်ပွဲ မသမာမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်က ရှင်းလင်း ပေးခြင်းမရှိလျှင် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန် တခြား ဒီမိုကရေစီ ပါတီများနှင့် ပြောဆိုထားသည်ဟု အမျိုးသား ဒီမိုကရေစီ Read more Add comment (0) Hits: 3611

ဘုရားသုံးဆူတွင်လည်း တိုက်ပွဲဖြစ်ပွား

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၀၇ တပ်ဖွဲ့ဝင်များ ယနေ့ နံနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ တပ်သားတဦး Read more Add comment (0) Hits: 2252

မြ၀တီမြို့တွင် တိုက်ပွဲဖြစ်ပွား

မြ၀တီမြို့တွင် တိုက်ပွဲဖြစ်ပွားနအဖ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှတပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ နံနက် ၉ နာရီခန့်ကစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရ သည်။ Read more Add comment (0) Hits: 7201

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: