http://www.news-eleven.com မှ ရွေးကောက်ပွဲနေ့သတင်းများ

toVote 
ရန်ကုန် –
တောင်ဥက္ကလာပ – တောင်ဥက္ကလာပမြိုနယ် (၆) ရပ်ကွက်ရှိ မဲရုံအမှတ် (၄) တွင် ပထမဆုံးမဲပေးသူမှာ အသက်(၅၀) ၀န်ကျင် အမျိုးသားတစ်ဦး ဖြစ်ပြီး မိသားစုလိုက် မဲပေးသူများရှိနေ၊ မဲပေးရန်စောင့်ဆိုင်းနေသူများတွင် အသက် (၈၀) အမျိုးသမီးကြီး တစ်ဦးပါဝင်၊
တောင်ဥက္ကလာ – တောင်ဥက္ကလာ အင်းဝလမ်း မဲရုံ အမှတ် (၃) တွင် အသက်(၅၀)ကျော်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး စတင်မဲပေး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ် (၂) (ဃ)ရပ်ကွက် မဲရုံတွင် အသက် (၄၀) ၀န်းကျင်ရှိ လင်မယားနှစ်ဦး စတင်မဲပေး၊
ကမာရွတ် – ကမာရွတ်မြိုနယ် မဲရုံအမှတ် (၃)တွင် အသက်(၆၆)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး စတင်မဲပေး၊
စမ်းချောင်း – စမ်းချောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်မဲရုံတွင် အသက် ၅၀ ကျော် အငြိမ်းစားဝန်ထမ်း၊ အမျိုးသားတစ်ဦး ပထမဆုံး လာရောက် မဲပေးခဲ့သည်။ “နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေပြီလို့ ယူဆပါတယ်။ ရလဒ်ကလည်း မျှတမယ်လို့ ယုံကြည်ပါတယ်”
အလုံမြို့နယ် – ဆင်မင်းရပ်ကွက် မဲရုံတွင် အသက် ၆၀ ကျော် ၀န်ထမ်းဟောင်း အမျိုးသားတစ်ဦး ပထမဆုံး လာရောက်မဲပေး “နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံ့တာဝန် ကျေချင်လို့ မဲလာပေးတာပါ။ ၉၀ ခုနှစ်တုန်းကလည်း မဲပေး ခဲ့ဖူးပါတယ်။ တိုင်းပြည်တိုးတက်အောင် လုပ်နိုင်မယ်ထင်တဲ့ ပါတီကို မဲပေးခဲ့ပါတယ်။ ရလဒ်ကိုလည်း စောင့်မျှော်နေပါတယ်။
ဗိုလ်တထောင် – (၇)ရပ်ကွက် မဲရုံတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပထမဆုံး လာရောက် မဲပေးခဲ့သည်။ “ကျွန်မတို့တစ်အိမ်လုံး မဲပေးကြမှာပါ။ အသက်ကြီးတဲ့သူတွေကတော့ နောက်မှလာပြီး မဲပေးပါလိမ့်မယ်။ ကျွန်မတို့အနေနဲ့ တာဝန်ကျေပါတယ်။ ဘယ်သူနိုင်နိုင်ပါ။ တိုးတက်မယ်ဆိုရင် ကျေနပ်ပါပြီ။

မြိတ် – မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်မဲရုံတွင် အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦ စတင်မဲပေး၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး အပါအ၀င် သတင်းမီဒီယာအချို့ လေ့လာသတင်းရယူနေ၊

ငပုတော – ငပုတောမြိုနယ် မဲရုံအမှတ် (၂) တွင် အသက် (၆၀) ကျော်အရွယ် အမျိုးသားတစ်ဦး စတင်မဲပေး၊ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းအားမဲပေးကြောင်း ပြောကြား၊ ၄င်ဧ။်နောက်တွင် အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးမဲပေးပြီး ခမောက်ဘေးတွင် အမှန်ခြစ်ခဲ့ကြောင်း ပြောကြား၊

မောင်တော – မောင်တောမြိုနယ်အတွင်းရှိ မဲရုံအချို့တွင် မဲပေးရန် စောင့်ဆိုင်းသူများပြားကြောင်းသိရ

ဖားအံ – ကရင်ပြည်နယ် ဖားအံမြို့ ကူဆိပ်ရပ်ကွက် မဲရုံ အမှတ် (၂) တွင် အသက် (၆၀)ကျော် အမျိုးသား (ပညာရေးမှုးဟောင်း) တစ်ဦး ပထမဦးဆုံမဲစတင်ပေး၊ ဖလုံစဝေါ်ကိုမဲပေးကြောင်းသိရ

စစ်တွေမြို့ – ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောင်းကြီးလမ်းမဲရုံတွင် အသက် (၃၅)နှစ်အရွယ် အမျိုးသား တစ်ဦး ပထမဆုံး စတင်မဲပေးခဲ့ အဆိုပါမဲရုံတွင် မဲပေးမည့်သူအများ အပြားရှိပြီး ကြိတ်ကြိတ်တိုးလျက်ရှိ ကြောင်း သိရသည်။

ရမည်းသင်း – မြို့မရပ်ကွက် မဲရုံ(၂)နှင့်(၃) တွင် လာရောက် မဲပေးခဲ့ကြ၊ ပထမဆုံး မဲပေးသူမှာ အသက် ၅၈ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်၊”နိုင်ငံသား တစ်ယောက်အနေနဲ့ ဒီမိုကရေစီ ကူးပြောင်းရေးမှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် လာပြီး မဲပေးတာပါ။ တစ်ပါတီ စနစ်တုန်းကလည်း မဲပေးဖူးပါတယ်။ ကွာခြားတာကတော့ ဒီရွေးကောက်ပွဲမှာ လေးစားလောက်တဲ့လူ သိပ်မတွေ့ရတာပါပဲ”

ဟားခါးမြို့ – နံနက် ၆ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်ခဲ့ ရာသီဥတုအေးသော်လည်း လာရောက်မဲပေးသူများပြား၊ မဲရုံသုံးရုံ ကြည့်ရှုခွင့် ရရှိထားပြီး ဖြစ်သော်လည်း မဲပေးသူများနှင့် စကားပြောခွင့်မရသေး

မကွေး – မကွေးမြို့ ဈေးလည်စိုးရပ်ကွက် မဲရုံအမှတ် (၁) တွင် အသက် ၅၈ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး မဲစတင်ပေး “ဘယ်သူပဲတက်တက် ကြိုဆိုပါတယ်။ သာမန်ပါဘဲ။ ဘာမှထူးထူးခြားခြား မရှိပါဘူး”

ကျိုင်းတုံ – ကျိုင်းတုံမြို့နယ် နောင်ကုန်ကျေးရွာ မဲရုံအမှတ် (၁) တွင် ပထမဆုံးမဲပေးသူမှာ အသက် (၃၀) အရွယ် အမျိုးသားတစ်ဦးဖြစ်သည်၊ ၄င်းက ကျားဖြူပါတီအားမဲပေးခဲ့ကြောင်းပြောကြား

တောင်ကြီး – တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ မဲရုံအမှတ် (၂) တွင် ဦးသန်းလွင် အသက် ၅၈ နှစ်အရွယ် ပထမဆုံး မဲပေးခဲ့သည်။ “အခု မဲပေးရတာ အဆင်ပြေပါတယ်။ မဲပေးဖို့ကို မနက် ၅ နာရီ ၃၀ မိနစ်ကတည်းက ရောက်နေတာပါ”ဟု ပြောကြားခဲ့သည်။

လပွတ္တာ – ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ မဲရုံများတွင် မဲပေးရန် စောင့်ဆိုင်းနေသူများ များပြားနေပြီး နံနက် ၇ နာရီခွဲမှစ၍ မြို့ပေါ်ရှိမဲရုံများတွင် မဲပေးရန်အတွက် အများအပြားလာ ရောက်ကြကြောင်း သိရသည်။ မိသားစုလိုက် လာရောက်မဲပေးသူများပြားလျက် ရှိသည်။ ၁၀ ရပ်ကွက် မဲရုံအမှတ်(၁) တွင် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားတစ်ဦး ပထမဆုံးလာရောက် မဲပေးခဲ့။ ‘‘မနက် ၆ နာရီခွဲမှာ မဲပေးခဲ့ ပါတယ်။ ကတ်ပြားထုတ်ပြီး အခန်း တစ်ခန်းစီဝင်၊ ကိုယ်ကြိုက်တဲ့ပါတီကို လွတ်လွတ်လပ်လပ် မဲပေးခဲ့ပါတယ်။ အဆင်ပြေပါတယ်’’ဟု လပွတ္တာမြို့နယ် (၁၀)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးခဲ့သူ အသက် (၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: