မြ၀တီ ယနေ့ သတင်းများ

#fullpost {display:none;}
REUTER သတင်းဋ္ဌာနရဲ့ ယနေ့ မြဝတီမြို့က ဓာတ်ပုံတစ်ပုံပါ.. Burmese soldiers hold their weapons in Myanmar’s Myawaddi town မြန်မာအစိုးရစစ်သားတွေလို့ သုံးထားပါတယ်.
မြဝတီမြို့ အခြေအနေကတော့ ယနေ့သတင်းတွေ အမျိုးမျိုး ထွက်ပေါ်လျှက်ရှိပါတယ်..။ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက မြဝတီမြို့ကို သွားရောက်ခဲ့ပြီး.. ယခုမဲဆောက်ကို ပြန်လည် ရောက်ရှိလာတဲ့ မိတ်ဆွေ တစ်ဦးရဲ့ ပြောပြချက်ကို နဲ့ ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ပါတယ်..။

မြဝတီရောက်ခဲ့သူ တစ်ဦး။….။ ” ခုနပဲမြဝတီ ပြန်လာတယ်… အခြေအနေက ရှုပ်ထွေးနေတယ်…. စစ်တပ်နဲ့ DKBA အပြန်အလှန်ဝိုင်းထားတယ်.. ခုတော့ ညှိနှိုင်းနေတယ်.. ပြောတယ်.. ခုပဲပြန်လာတာ..”

မြဝတီသံဃာတစ်ဦး။…။ နေ့လည်က ရဲစခန်းနဲ့ မဲရုံတစ်ရုံကို ဘာတို့ ပစ်သွားတဲ့ သူတွေက တောထဲပြန်ရောက်နေပြီ.. ခုဟာကျန်ခဲ့တဲ့သူတွေ စစ်တပ်နဲ့ အပြန်အလှန်ဝိုင်းထားတယ်… ညှိနှိုင်းနေကြတယ်…။ ခုည စစ်တပ်က မြဝတီ ဈေးထဲဝင်နေပြီ..။ မြ၀တီမယ် လူတွေတော်တော်များများ ကြောက်နေကြတယ် ဒကာကြီးရေ.. မဲဆောက်ဖက်ကူးသွားတဲ့ သူတွေလည်းရှိတယ်..။

နောက်ဆုံးရရှိတဲ့ သတင်းအရ မြ၀တီကို မီးဖြတ်ထားပြီး… မြို့ထဲမှာ စစ်အစိုးတပ်တွေ ကားနဲ့ ပတ်နေပါတယ်..။ ဒီကေဘီအေကလည်း အဓိကကျတဲ့နေရာတွေမှာ နေရာယူထားပါတယ်.. အခြေအနေတွေ အထူး ရှုပ်ထွေးနေကြောင်း သိရှိရပါတယ်..။

မြဝတီမှာ ဖမ်းဆီးခံရတဲ့ ဂျပန် သတင်းထောက်အား ပြန်လွတ်ပေးလိုက်ကြောင်း သိရှိရပါသည်.. အဖွဲ့အစည်းများနှင့် ပတ်သတ်မှုရှိမရှိ မည်သူက စေလွှတ်ခြင်း ရှိမရှိအား မေးမြန်းပြီး ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရှိရပါတယ်.

ယနေ့မြဝတီမြို့၌ မဲရုံများ အချိန်မတိုင်ခင် ပိတ်လိုက်တဲ့ အတွက် လူတော်တော်များများ မဲပေးခွင့် မရရှိခဲ့ကြောင်း မြဝတီ မြို့ခံတစ်ဦးမှ ပြောဆိုပါသည်…။

ဒီမိုဝေယံမှ ကူးယူဖော်ပြသည်။

မြ၀တီမြို့  ကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ခေါ်) စောလဘွယ်မှ ပြောကြားချက်။

ကရင်ပြည်နယ် မြ၀တီမြို့တွင်းက အစိုးရရုံးတချို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ဝင်တွေ သိမ်းလိုက်ခြင်း သတင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ခေါ်) စောလဘွယ်မှ ပြောကြားချက် ဖြစ်ပါတယ်။ ဒီဗွီဘီသတင်းထောက် နော်နိုရင်း မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

http://www.esnips.com//escentral/images/widgets/flash/esnips_player.swf
Get this widget | Track details | eSnips Social DNA

အသံဖိုင်အား ဒေါင်းလုပ် လုပ်ရန် – http://www.multiupload.com/V3GW0M2JO3

ကိုနစ်မှ ကူးယူဖော်ပြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: