ဖောက်ခွဲရေးသမား ၀င်ရောက်ဟု ဆိုပြီး ကယန်းဒေသတွင် စစ်ဆင်ရေးထိုး

ရေးသားသူ – ဒေလီထက် တနင်္ဂနွေနေ့, 07 နိုဝင်ဘာလ 2010 11:39


ဖောက်ခွဲရေးသမားများ ၀င်ရောက်နေသည်ဟု ဆိုပြီး ကရင်နီပြည် ကယန်းဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်ဝန်းကျင်မှ စပြီး ယခုအချိန်ထိ စစ်အစိုးရတပ်မှ စစ်ကြောင်း ၄ ကြောင်း စစ်ဆင်ရေး ထိုးလျက်ရှိသည်။
လွိုင်ကော် ဒကစမှူး လက်အောက်ခံ ခမရ ၃၃၇ ၊ မိုးဗြဲဒေသဘက်မှ ခလရ ၄၂၁ ၊ ပေါင်းလောင်းဒေသ ဘက်မှ ခမရ ၂၂၃ ၊ နေပြည်တော် မန္တလေးတိုင်း လေးခေါင်းဒေသဘက်မှ တပ်မ ၈၅ စသည့် တပ်များမှ ကယန်းဒေသဘက်သို့ တိုးချဲ့လာခြင်း ဖြစ်သည်။
ကယန်းဒေသရှိ ကျေးရွာတရွာမှ အိမ်တလုံး
ကယန်းဒေသရှိ ကျေးရွာတရွာမှ အိမ်တလုံး

ယခုလို လှုပ်ရှားရသည့် အကြောင်းရင်းမှာ နေပြည်တော်တွင် ဗုံးဖောက်ခွဲရန် လူငါးယောက် ကယန်းဒေသတွင် ခိုလှုံနေသည်။ ထို့အပြင် ကျောင်းသားလူငယ် ၅ ဦးမှာလည်း နေပြည်တော်တွင် ဗုံးခွဲရန် လှုပ်ရှားမှုများ ပြုလုပ်နေခြင်းကြောင့် ဖြစ်သည်ဟု မြန်မာစစ်အရာရှိများက ပြောပါသည်။

ကယန်းမျိုးဆက်သစ်လူငယ် အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်းရော်ဘင်ဆန်က “ကျောင်းသားလူငယ် ငါးယောက်ကို ဦးဆောင်သူကတော့ ချိုင်းချိုင်းလို့ သူတို့ နာမည် တပ်ထားပေးတယ်။ ချိုင်းချိုင်း ဦးဆောင်ပြီး ကယန်းဒေသကို ရောက်လာတယ်လို့ အဲလိုပြောလာတယ်လေ” ဟု ပြောသည်။

အထက်ညွန်ကြားချက်အရ ၎င်းတပ်ရင်း ၄ ရင်းသည် ၁ လ၀န်းကျင်ခန့် ကယန်းဒေသများတွင် စစ်ဆင်ရေး ထိုးရမည် ဖြစ်ပြီး ခမရ ၃၃၇ တပ်ရင်းမှာမူ ၂ ပတ်သာ လှုပ်ရှားမှု ပြုလုပ်မည်ဟု သတင်းရရှိသည်။

ထိုကဲ့သို့ စစ်ဆင်ရေးထိုးသော ကယန်းဒေသများမှာ ပြည်ဆောင်၊ ကျောက်ဆောင်ဖူလော၊  ကန်ဆန်း၊ တောင်တန်း၊ လေဒူခေါင်၊ ဘောကထ စသည့် ဒေသများဘက်တွင် ဖြစ်သည်။

ကယန်ပြည်သစ် တပ်မတော်မှ ရဲဘော်တဦးက “အကြမ်းနည်းနဲ့ ၀င်မယ်ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ရယ်။ ကယန်းလူထုတွေကို ကာကွယ်ဖို့ရယ်၊ အဲဒါတွေတော့ ပြင်ဆင်မှုတွေ လုပ်ထားတာတော့ ရှိတယ်။ ရွာသားတွေကို ထုထောင်းရိုက်နှက်မှု လုပ်မယ်ဆိုလို့ရှိရင် အဲဒါဘယ်သူမှလဲ ရပ်ကြည့်မှာ မဟုတ်ဘူး။ အဆိုးရော အကောင်းအတွက်ပါ အကုန်လုံး ပြင်ထားတယ်” ဟု ပြောသည်။  

၎င်းဒေသများသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ထားသည့် အပစ်ရပ် ကယန်းပြည်သစ်ပါတီ ထိန်းချုပ်ထားသည့် နယ်မြေများနှင့် ကပ်လျှက်ရှိနေသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: