ဗျူဟာမှူးဆင့်ခေါ်သည့်ဆီမီးတထောင်ပူဇော်ပွဲမှ လုံခြုံရေးကင်းစောင့် နအဖ တပ်သား ထွက်ပြေး

သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းဗျူဟာမှူးဆင့်ဆိုခေါ်ယူသည့် ဆီမီးတထောင် ပူဇော်ပွဲမှ လုံခြုံရေးကင်း စောင့် နအဖတပ် သားတဦး ထွက်ပြေးရာ အဖမ်းခံရသည်နှင့် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

“သီတင်းကျွတ်လပြည့်ည တန့်ယန်းအနောက်ဘက် နန်းဇမ်းပူး ဂူ ဆီမီးတထောက်ပူဇော်ပွဲ မသွား မနေရ တန့်ယန်းဗျူဟာ မှူး ဗိုလ်မှူးကြီး ခိုင်ဇော် အမိန့်ချလာတယ်၊ ၀န်ထမ်းတွေအားလုံးအပြင် တရပ်ကွက် ၁၀ ယောက်ထက်မနဲ ၁၀ ရပ်ကွက် လုံး သွားခိုင်းတယ်။ လုံခြုံရေးသွားယူ တဲ့ ခလရ ၃၃ က နအဖ တပ်သားတယောက် တရုတ်အူဇီတလက်နဲ့ထွက်ပြေးတာ” ဟု ပွဲတက်ရောက်သူတဦးက ပြောပြသည်။

လားရှိုး-မိုင်းရယ် ကားလမ်းတောင်ဘက်ခြမ်း တန့်ယန်းမြို့အနောက်ဘက် (ဆိုင်ကယ်ဖြင့်) မိနစ် ၂၀ အကွာရှိ နန်းဇမ်းပူး ဂူခေါ် ထမ့်မင်ဂူတွင် ဗျူဟာမှူးဒကာခံ တည်ထားသော စေတီကို ဆီမီးတထောင်ပူဇော်ပွဲ ကျင်းပခြင်းဖြစ်ပြီး ဒေသခံများ နှင့် ၀န်ထမ်းများအား ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

“တရွာဝင်တရွာထွက် ထွက်ပြေးနေတဲ့ အဲ့ဒီတပ်သားကို နားလောင်းအုပ်စု နမ့်ပေါင်ရွာမြောက်ဘက်မှာ သူ့ကိုလိုက်တဲ့ စစ် သားတွေက အသေပစ်သတ်လိုက်တယ်။ အဲဒီတပ်ပြေးက စစ်တပ်မှာ ၁၅ နှစ်သက်တမ်း ရှိပြီတဲ့” ဟု နားယောင်းဒေသခံ တဦးကပြော၏။

အလားတူ ထိုမတိုင်ခင် အောက်တိုဘာလ ၂၀ ရက်ကလည်း မိုင်းကိုင်မြို့ပုလိပ် ရဲတပ်သာ်းဇေယျာလင်း မှာ M22 သေနတ် တလက်နှင့်အတူ စခန်းမှ ထွက်ပြေးခဲ့ရာ ၄င်းကိုမူ ယခုထက်တိုင် မဖမ်းမိသေးဟုလည်း ကြား သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: