ဗန်းမော်ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်က ပြိုင်ဘက်သျှမ်းပါတီကို ပုတ်ခတ်ပြောဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်လောင်း ဦးလွန်းမောင်က ဗန်းမော်မြို့ ရပ်ကွက် မဲဆွယ်ပွဲ တစ်ခု၌ ပြိုင်ဘက်သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအား ပုတ်ခတ် ပြောဆိုခဲ့ကြောင်း သိရသည်။

ယခုလ ၁ ရက် နေ့လည် ၁၂ နာရီခန့်က ဗန်းမော်မြို့နယ် အလယ်ရပ်ကွက်၌ ပြုလုပ်ခဲ့သည့် ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ၌ ဗန်းမော်မြို့နယ် သျှမ်းပါတီကိုယ်စားလှယ် ဦးအုန်းမောင်အား ပညာအရည်အချင်းမရှိသူ အရက်သမား ဟု ပုတ်ခတ်ခဲ့ ကြောင်း ကိုယ်တိုင်တက်ရောက်ခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မဲပေးပုံစနစ်ရှင်းပြမည်ဟု ဆိုကာ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များ ဖြစ်သည့် ဦးလွန်းမောင်နှင့် ဒေါက်တာထွန်းလွင်တို့က ဒေသခံများအား ခေါ်ယူ၍ ထိုသို့ ပြောခြင်း ဖြစ်သည်။

“တခြား ပါတီတွေရော ဒီလိုရှင်းပြတာရှိလားလို့ မေးတယ် မရှင်းပြသေးဘူးဆိုတော့ ဒီလိုပါတီတွေကို စဉ်းစားဖို့တောင် မလို တော့ဘူး ဆိုပြီး ဦးလွန်းမောင် ခြင်္သေတံဆိပ်အမှန်ခြစ် လို့ပြောတယ်” ဟု သူက ဆိုသည်။

ဦးလွန်းမောင်က မဲပေးရွေးချယ်ရမည့်သူများတွင် ပညာအရည်အချင်း၊ စာရိတ္တ၊ စစ်ရေးအမြင်ရှိရန် စသည်တို့ လိုအပ် ကြောင်း ပြောသည်ဟု ဆိုသည်။

“အဲဒီမှာ သျှမ်းပါတီက ဦးအုန်းမောင်ဆိုရင် ပညာအရည်အချင်းကလည်း ၉ တန်း ပြီးတော့အရက်သမား၊ တစညက ဦး ချစ် ညိုကျတော့လည်း ကျောင်းဆရာအဆင့် ပဲရှိတာ၊ ဒီလိုလူတွေ ဘယ်လို လွတ်တော်ကိုတက်ပြီး တိုင်းပြည်အုပ်ချုပ် နိုင်မှာလဲပေါ့”

“သူကတော့ တပ်မတော်မှာဗိုလ်ချုပ်အဆင့်နဲ့ စစ်မှုထမ်းခဲ့တာ စစ်ရေးအမြင်လည်းရှိတယ် စာရိတ္တလည်းကောင်းတယ် လွတ်တော်မှာသူကသာ သင့်တော်တယ် ဆိုပြီး ပြောတာပေါ့ ဗိုလ်ချုပ်ကထွက်တယ်လို့လည်း ဆိုသေးတယ် ဗိုလ်ချုပ်က ပါးစပ်ဖျားက မချဘူး” လို့ ဆက်ပြောသည်။

ဗန်းမော်မြို့မဲဆန္ဒနယ်မြေတွင် ကြံ့ဖွံ့၊ သျှမ်းကျားဖြူ နှင့် တစည ၃ ပါတီ ယှဉ်ပြိုင်မည် ဖြစ်ပြီး ဒေသခံ သျှမ်းများက သျှမ်းပါတီကိုသာ မဲထည့်ရန် တာစူနေကြောင်း သိရသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဦးအုန်းမောင်သည် နမ့်ဖားရွာဇာတိဖြစ်ပြီး ဦးလွန်း မောင်မှာ နောင်ခိုရွာသား ဖြစ်ကြောင်း သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: