မြစ်ကြီးနားတွင် မီးလောင်၊ အိမ် ၃ လုံး ပြာကျ

ယနေ့နံနက် ၂ နာရီခွဲခန့်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မင်းရပ် ရပ်ကွက်ရှိ ရတနာပုံ မွေ့ရာဆိုင်မှ မီးစတင်လောင်ခဲ့ရာ နေအိမ် ၃ လုံး ဆုံးရူံးခဲ့ကြောင်း သိရသည်။

ရတနာပုံ မွေ့ရာဆိုင်အပါအ၀င် ကားပစ္စည်းနှင့် သံထည်ပစ္စည်းများ ရောင်းချသည့် နေအိမ်များ မီးစွဲလောင်ခဲ့ပြီး ဆုံးရူံးမှု တန်ဖိုး ကျပ်သိန်း သောင်းချီရှိနိုင်ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မီးလောင်မှု မည်သို့ ဖြစ်ပွားခဲ့သည်ကို အတိအကျမသိရသေးသော်လည်း မြို့ခံများအကြား လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီး လောင်သည်ဟု ဆိုသူများ ရှိသလို အချို့က ရို့မီးဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေကြောင်း သိရသည်။

“မနက် ၂ နာရီခွဲကနေစလောင်တာလေ မင်းရပ် ရပ်ကွက်က ရတနာပုံမွေ့ရာဆိုင်ပေါ့နော် အဲဒီကနေစလောင်တာ ၃ အိမ် စလုံးပြာကျသွားတယ် ဈေးနဲ့လည်းနီးတယ်လေ ရတနာပုံကဆိုရင် မွေ့ရာတွေရောင်းတာ ဘေးအိမ်တွေကတော့ တစ်အိမ် က ကားပစ္စည်းရောင်းတယ် တစ်အိမ်က သံထည်ပစ္စည်း ဆုံးရူံးမှုကတော့ အိမ်တန်ဖိုးချည်းပဲကို သိန်း ၇ ထောင်လောက် ရှိမှာပေါ့၊ ကျန်တဲ့ပစ္စည်းတွေကတော့ မခန့်မှန်းတတ်ဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုမီးလောင်မှုတွင် အေးရှားဝေါကုမ္ပဏီပိုင်မီးသတ်ကားများနှင့် စစ်တပ်မှ မီးကူငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

“မြို့ထဲမှာရှိတဲ့ မီးသတ်ကားနဲ့ဆို မီးငြိမ်းမှာမဟုတ်ဘူး အေးရှားဝေါကုမ္ပဏီက ကားတွေလာလို့ ဒီလောက်ပဲဖြစ်သွားတာ ရွေး ကောက်ပွဲနီးလို့နဲ့တူတယ် အရင်က မီးလောင်ရင် စစ်တပ်ကလာတာ တစ်ခါမှမမြင်ဖူးဘူး အခုစစ်တပ်ကလည်း လာ တယ် ထူးထူးခြားခြား ဖြစ်နေတာပေါ့နော်” ဟု သူမက ဆိုသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: