စည်းရုံးရေးနောက်ဆုံးရက် လူထုအား ချော့တခါ ခြောက်တလှည့် ကြံ့ဖွံ့ပါတီ စည်းရုံး

စည်းရုံးရေးနောက်ဆုံးသတ်မှတ်ရက်ဖြစ်သော အောက်တိုဘာ ၃၀ ရက်၌ လားရှိုး၊ တန့်ယန်းမြို့နယ် ဒေသခံလူထုအား လူသုံး ကုန်ပစ္စည်းပေး၍တမျိုး၊ သွယ်ဝိုက် ခြိမ်းခြောက်အမိန့်ပေး၍တဖုံ ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးဆင်းခဲ့သည်ဟု စုံစမ်း သိရှိရပါသည်။

လားရှိုး၌ ဒေသခံလူထုနှင့် အစိုးရ၀န်ထမ်းများအား ပြည်ခိုင်ဖြိုးပါတီစည်းရုံးခဲ့ပုံကို ရပ်ကွက် ၈ မှ အစိုးရ၀န်ထမ်းလူငယ် တဦးက ဤကဲ့သို့ပြောပြ၏။

“၃၀ ရက်နေ့ကပေါ့။ ရပ်ကွက် ၆၊ ၇၊ ၈ မှာ ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေး လက်ကမ်းစာစောင်တွေ ဝေတာလေ။ ရပ်ကွက် ဥက္ကဌကနေ ဆယ်အိမ်မှူး၊ ရာအိမ်မှူး တွေကိုဝေခိုင်းတာ။ ကြံ့ဖွံ့ပါတီကိုဘဲ မဲပေးပါလို့ လဲပြောတယ်။ အဲ့ဒီမှာ ကြံ့ဖွတ် ကိုယ် စားလှယ်ဟောင်း ဒေါက်တာစိုင်းမောက်ခမ်းရဲ့ သျှမ်းဘာသာကဗျာ ပါတဲ့လက်ကမ်းစာစောင်လဲ ဝေတယ်။ ဆယ်အိမ် မှူးတွေ က ရွာသားတွေကိုပြပြီး – ဒါလဲသျှမ်းဘဲ။ သျှမ်းကိုအားပေးချင်တယ်ဆို။ သူ့ကိုမဲထည့်ပေးပေါ့ – လို့မလိမ့်တပတ် ပြောတယ်” ဟု ထိုလူငယ်က ပြော၏။

မီးသတ်၊ မိခင်နှင့်ကလေးအသင်း၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီ၊ စွမ်းအားရှင်စသော အဖွဲ့အစည်းများအား လည်း ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကိုသာ မဲပေးရမည်။ သို့မဟုတ်ပါက ကြီးလေးသော ပြစ်ဒဏ်ပေးခံရမည်ဟု လည်းဆင့်ဆိုညွှန်ကြားခြင်းခံရ ကြောင်း ဆယ်အိမ်မှူးတဦးကပြောသည်။

တန့်ယန်း မြို့တွင်လည်း အောက်တိုဘာလကုန်က ရပ်ကွက်ဥက္ကဌများအား လူစုစေပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးဆင်း ရာ လူထုအား လူသုံးကုန် ပစ္စည်းများပေး၍ မဲဆွယ်ခဲ့သည်ဟုဆို၏။

“တနေရာ လူ အယောက် ၃-၄ ဆယ် ၄-၅ ဆယ် စုပြီးသူတို့လာဟောပြောတယ်။ လာနားထောင်တဲ့လူ တယောက်ကို ဆပ်ပြာမှုန့် ၂ ထုတ်ပေး တယ်။ တန်ဖိုး တထုတ်ကျပ် ၂၀၀ လောက်ရှိမှာပေါ့။ နောက်ပြီး သော့တွဲလဲ လုပ်ထားတယ်လို့ သိရတယ်။ နိုဝင်ဘာ ၇ ရက် မဲရုံရှေ့ မှာ ဝေဖို့တဲ့။ သော့တွဲမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်ခိုင်ဖြိုး ကိုမဲပေးစို့ ဆိုတဲ့ ဆောင်ပုဒ် လဲပါတယ်” ဟု နယ်စပ်ရောက် တန့်ယန်းကုန်သည်တဦးကပြော၏။

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ ခမ်းလားအုပ်စု ခမ်းလားရွာတွင်မူ နိုဝင်ဘာ ၂ ရက် ယမန်နေ့က ကြိုတင်မဲများ ကောက် ယူနေသည်ဟု မိုင်းကိုင်မှလူငယ်တဦးကပြောပြ၏။

“သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲထဲ့ခိုင်းတာ။ သူတို့ကဘဲ မဲခြစ်ပေးတာပေါ့။ ခြင်္သေ့ကိုထောက်ခံတဲ့ မဲတွေချည်းဘဲ။ နိုင်ငံ ရေးနားလည်တဲ့ လားရှိုးဘက်က ရပ်ကွက်အကြီးအကဲတစ်ယောက်ကတော့ – သူတို့ ဒီလိုမတရားနည်း၊ ကလိမ် ကကျစ် နည်းတွေကို နိုင်ငံရေးမသိနားမလည်တဲ့ ကျေးလက်တွေမှာ ဆက်သုံးသွား မှာဖြစ်တယ်- လို့ပြောတယ်” ဟုဆို၏။

ထို့ပြင် လဲချားမြို့ ၀မ့်ကတ်အုပ်စု ၀မ့်ဟဲင့်အုပ်စုနှင့်နားဆန်းအုပ်စုမှ မဲရုံပြောင်းရွှေ့နိုင်ဖွယ်ရှိသည့်ကိစ္စနှင့်ပတ်သက်၍ သျှမ်းသံ တော်ဆင့်က ဆက်လက်စုံစမ်းရာတွင် လဲချားမြို့နယ်ကော်မရှင်က လွယ်လင်မြို့နယ်ကော်မရှင်နှင့် တောင်ကြီး ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်သို့ စာတင်ထားသော်လည်း အကြောင်းမပြန်သေးဟုသာ သိရ၏။ အများစုကမူ ရွေး ကောက်ပွဲနီးကပ် နေပြီဖြစ်သဖြင့် မဲရုံပြောင်းရွှေ့မည့်ကိစ္စ မဖြစ်နိုင်တော့ကြောင်း သုံးသပ်ပြောဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: