၁.၁၁.၂၀၁၀ အတွက် RFA Burmese သတင်းများ

တိုင်းရင်းသားဒေသ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အထူးအစီအစဉ် (မွန်)

2010-11-01

ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသား ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေနဲ့ ရွေးကောက်ပွဲလွန် ကာလမှာ ဘယ်လို ဆက်ဖြစ်လာနိုင်သလဲဆိုတာကို တိုင်းရင်းသားတွေရဲ့ အတွေ့အကြုံ အမြင်တွေနဲ့ ယှဉ်တွဲတင်ပြထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မဲပေးဖို့ ဝန်ထမ်းများ ဖိအားပေးခံနေရ

2010-11-01

လာမဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ပေးကြဖို့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းမှာ ရှိတဲ့ အထက်အဆင့် အရာရှိတွေက လက်အောက် ဝန်ထမ်းတွေကို ခေါ်ယူ ပြောဆိုနေတယ်လို့ သိရပါတယ်။

ဒုတိယပင်လုံညီလာခံကျင်းပရေး ရခိုင်ပြည်အမျိုးသားကောင်စီ ထောက်ခံ

2010-11-01

ကလေးမြို့မှာ အောက်တိုဘာလ ၂၄ ရက်နေ့ က ကျင်းပတဲ့ ၂၂ နှစ်မြောက် ဇိုမီး အမျိုးသားကွန်ဂရက် နှစ်ပတ်လည် အခမ်းအနားကနေ ထွက်ပေါ်လာတဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေး ဆုံးဖြတ်ချက်အပေါ် ထောက်ခံ ကြိုဆိုကြောင်း ANC ရခိုင်ပြည် အမျိုးသားကောင်စီ က ဒီကနေ့ နိုဝင်ဘာ ၁ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ် ။

NLD ရှမ်းပြည် စည်းရုံးရေးခရီးမှာ ဒုတိယ ပင်လုံညီလာခံခေါ်ရေး သဘောတူညီမှုရခဲ့

2010-11-01

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်နဲ့ စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း စည်းရုံးရေးခရီး အောင်မြင်ပြီးဆုံးသွားပြီး နိုဝင်ဘာ ၁ ရက် ဒီကနေ့တော့ တောင်ကြီးမြို့ကို ပြန်နေကြပြီလို့ သိရပါတယ်။

NDF မဲဆွယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အမည်နှင့် NLD တံဆိပ်များ ဆက်လက်အသုံးပြုနေ

2010-11-01

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက ရန်ကုန်မြို့အတွင်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမည်နဲ့ NLD ပါတီ အမှတ်တံဆိပ်တွေ ဆက်လက် အသုံးပြုနေကြောင်း သိရပါတယ်။

ရွှေတိဂုံ ပုံတူစေတီ အင်ဒိုနီးရှားမှာ ဖွင့်လှစ်

2010-11-01

မြန်မာနိုင်ငံက ကမ္ဘာကျော် ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံတူအတိုင်း တည်ခဲ့တဲ့ စေတီတော်ကို အင်ဒိုနီးရှားနိုင်ငံ စုမာတြကျွန်း မြောက်ပိုင်းမှာ တနင်္ဂနွေနေ့ က တရားဝင်အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ရာမှာ အာရှတိုက်တခွင့်က ဗုဒ္ဒဘာသာ ရဟန်းတော်တွေ တက်ရောက် ကြည်ညိုတော်မူခဲ့ကြပါတယ်။

လေဘေး၊ ရေဘေးဒုက္ခသည်များကို သာသနာ့ဦးသျှောင် ထောက်ပံ့လှူဒါန်း

2010-11-01

မန္တလေးနဲ့ ရခိုင်ပြည်နယ်က သဘာဝ ဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ တသောင်း ပေးပို့ လှူဒါန်းခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် သာသာနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ချုပ်က အောက်တိုဘာ ၃၁ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲ တရားမျှတမှုမရှိသည်မှာ ထင်ရှားကြောင်း နိုဘယ်ဆုရှင်ပြောကြား

2010-11-01

မြန်မာနိုင်ငံက ရွေးကောက်ပွဲကို တရားမျှတမှုရှိမရှိ စောင့်ကြည့်ဖို့ မလိုကြောင်း နဂိုကတည်းက တရားမျှတမှုနဲ့ သန်းရှင်းမှု မရှိ ဖြစ်နေတာ အထင်အရှား ဖြစ်တယ်လို့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တဦးဖြစ်တဲ့ Ms Jody Willams က ထိုင်းနိုင်ငံ ဗန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ကျင်းပတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: