သျှမ်း/မြောက် ရပ်မိရပ်ဖအများစု ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန်အလားအလာ အလွန်နည်း

သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ နမ္မတူ၊ သီပေါမြို့နယ်များရှိရပ်မိရပ်ဖတချို့နှင့် လူလတ်သက်ကြီးပိုင်းအများစုမှာ ကြံ့ဖွတ် ပါတီကို လုံးဝမဲပေးမည် မဟုတ်ဟု စုံစမ်းသိရှိရပါသည်။

“အကျွတ်ကာလမှာ သျှမ်းထုံးစံအရသျှမ်းလူမျိုးတွေက ဘုန်းတော်ကြီးကျောင်းတွေ ကိုလိုက်လံကန်တော့ကြ တယ်၊ အဲဒီ ခရီးစဉ်ကတဆင့် စစ်တမ်းလိုက်ကောက်ကြည့်တာလေ။ လားရှိုး၊ နမ့်တူ၊ သီပေါ ၃ မြို့နယ်အတွင်း ကျားဖြူပါတီကိုဘဲ မဲပေး ဘို့ဆုံးဖြတ်ထားကြသူတွေ ရာနှုန်း ပြည့်နီးပါးဘဲ။ ခြင်္သေ့ဆိုရင်တော့ ခေါင်းခါတယ်” – ဟု လားရှိုးမှ တက္ကသိုလ်ကျောင်း သားတဦးက ပြောသည်။

လားရှိုးမြို့နယ်၊ နမ့်တူမြို့နယ်၊ သီပေါမြို့နယ်များအတွင်းရှိ အီနိုင်း၊ မန့်စံ၊ မိန်းမု၊ ပန်လုံ၊ တာ့တေ့၊ ပန်နေ၊ နမ့်ဟူးနွဲ့၊ ကန့် မော်၊ စဥ့်အင်၊ နားနန်း၊ ဟန်နား၊ ဟိန်းလောန့်၊ နောင်ဟိုင်း၊ နောင်မောန်၊ ခေးနင်းမ်၊ နမ့်ခိုက်၊ နားမခေါ် အုပ်စုနှင့် ကျေးရွာ များရှိ ဘုန်းကြီးကျောင်းများသို့ ၀ါကျွတ်ကန်တော့ပွဲလှည့်လည်ခဲ့ကြးစဉ် ဒေသခံများအား မေးမြန်းစစ်တမ်း ကောက်ယူခဲ့ ခြင်း ဖြစ်ကြောင်း သိရပါသည်။

ရပ်မိရပ်ဖများထောက်ခံသည်ဟုဆိုသော ကျားဖြူပါတီ၏စည်းရုံးရေးလက်ကမ်းစာစောင်ကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ၏ လားရှိုး မြို့နယ် ပြည်နယ်လွှတ်တော်အမတ်လောင်း ဒေါက်တာစိုင်းမောက်ခမ်းကလည်း သျှမ်းဘာသာကဗျာလင်္ကာရေးစပ်၍ စည်း ရုံးရေး စာစောင် ထုတ်ဝေ စည်းရုံးရေးဆင်းခဲ့သည်ဟု သိရှိရသည်။

“ဒေါက်တာစိုင်းမောက်ခမ်းက လားရှိုးမှာပြိုင်တော့၊ ကြံ့ဖွတ်အတွက်အလားအလာမကောင်းဘူး။ တခြားနေရာသွားပြိုင်ရင် တောင်သူ့အတွက်ထောက်ခံမှုရချင်ရဦးမှာ။ ဘာလို့လဲဆိုတော့ လားရှိုးမှာက ဒေသခံသျှမ်းတွေ က ကျားဖြူကိုဘဲထောက်ခံ တယ်။ လူဦးရေအများဆုံးရှိတဲ့ ကိုးကန့်တရုတ်တွေကလဲ ကိုးကန့်ပါတီကိုဘဲ ထောက်ခံတယ်” ဟု လားရှိုးမြို့ခံ ရပ်မိရပ်ဖ တဦးကပြောပါသည်။

မည်သို့ပင်ဆိုစေ လားရှိုးညမြို့တွင် ပြည်ခိုင်ဖြိုးပါတီအတွက် စည်းရုံးရေးမဲဆွယ်ပေးသော ကိုးကန့်ပါတီ KDUP မှာ ကိုး ကန့် တရုတ်လူဦးရေအရ ထောက်ခံမှုအများဆုံးရသည့် ပါတီဟု ၎င်းကဆက်၍ပြောပြပါ သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: