ရွေးကောက်ပွဲအကြိုနှင့်နောက်ပိုင်း တာချီလိတ် – မယ်ဆိုင်နယ်စပ်တံတား လ၀က်ခန့်ပိတ်မည်ဟု သတင်းထွက်

နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲကျင်းပရေးအတွက် တာချီလိတ်မြို့ ထိုင်း- မြန်မာချစ်ကြည်ရေးအမှတ် ၁ တံတားဟောင်း အား နိုဝင်ဘာလ ၁ ရက်မှစ၍ လ၀က်ခန့် မြန်မာ အာဏာပိုင်များဘက်မှ ပိတ်ထားမည်ဟု စုံစမ်းသိရှိရသည်။

“ဗမာအာဏာပိုင်တွေက ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးပြီ။ ပြသနာမရှိဘူးလို့ ဆိုတာဘဲ။ ကျနော်တို့လို အရောင်း အ၀ယ်သမားတွေ ကုန်သည်တွေအတွက် ထိတာပေါ့။ ဗမာအာဏာပိုင်တွေဘာမှ ကြိုတင်ပြောမထားဘဲကိုး” ဟု တံတား အောက်ပိုင်း တာလော့ဈေးမှ တရုတ်အမျိုးသား ဈေးသည်တဦးကပြောသည်။

ဒေသခံများကမူ ကုန်ဈေးနှုန်းတက်မည့်အရေးတွေး၍စိတ်ပူနေကြသည်ဟုလည်း တယ်လီဖုန်းရောင်းဝယ် ရေးလုပ်ငန်းရှင် က ပြော၏။

“ဒီလောက်အကြာကြီးပိတ်မယ်ဆိုရင် ကုန်ဈေးနှုန်းကတော့ တက်မှာမလွှဲဘူး။ မယ့်ဆိုင်ချောင်းကူး မှောင်ခို သမားတွေကို စောင့်ဖမ်းတဲ့ အာဏာပိုင်တွေအတွက်တော့ ပွတာဘဲပေါ့” ဟု ၄င်းကဆိုသည်။

အခြားဒေသမှလာသော ကုန်သည်များမှာမူ ယမန်နေ့ကတည်းက တဖွဲဖွဲနေရပ်ပြန်ကြသည်ဟု လည်း သိရသည်။

“တံတားမပိတ်ရင်တော့ ရွေးကောက်ပွဲတို့ဘာတို့ စိတ်မ၀င်စားကြဘူး။ တာချီလိတ်မှာဘဲ လုပ်ကိုင်ရှာစားနေကြမှာ။ ခုတော့ အလုပ်မရှိ ဒီတိုင်းနေရင် စရိတ်ဘဲကုန်မယ်လေ။ ရွေးကောက်ပွဲကာလ နိုင်ငံခြားသားတို့ နိုင်ငံခြားသတင်းထောက်တို့ ခိုး ၀င်မှာစိုးလို့ပိတ်တာနေမှာပေါ့။ ပါတီစည်းရုံးရေးလား။ အခုတလော မကြားရတော့ဘူး။ ကြံ့ဖွတ်ပါတီဝင်တွေ စည်းရုံးရေး မှူးတွေကလဲ မြို့ခံတွေဖြစ်နေတယ်။ နောက်တကြောင်းကလဲ ကြံ့ဖွတ်ပါတီက မတရားလမ်းနဲ့သွားမယ်ဆိုတာလဲ လူတိုင်း သိနေတော့ အဖြစ်သဘောလောက်ဘဲ လုပ်တယ်” ဟု တာချီလိတ်၌ အရောင်းအ၀ယ်လုပ်နေသည့် ကျိုင်းတုံဒေသခံ ခေတ် ပညာတတ် လူငယ်တဦး ကပြော သည်။

တဖက်တလမ်းကလည်း အောက်တိုဘာလလယ်မှ ယခုချိန်အထိ လိုင်စင်မဲ့ကားများ ရှောင်တခင်ဖမ်းဆီးရာ၌ ၁၀ စီးကျော် ရှိပြီ ဖြစ်ကြောင်း၊ တာချီလိတ်အတွင်း လိုင်စင်မဲ့ကား အစီးရေ ၅၀၀ ခန့်ကျန်နေသေးသည်ကိုလည်း (သြဂုတ်လ ၁ ရက်မှ စက်တင်ဘာလဆန်းအထိ လိုင်စင်လုပ်ပေးပြီးနောက်ပိုင်း) လိုင်စင်ထပ်မလုပ်ပေးသေးကြောင်း၊ နောက်တကြိမ်လိုင်စင်လုပ် ပေးရန် စားကွက်ချန်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလက်ရှိ တာချီလိတ် ကားဈေးနှုန်းမှာ တ၀က်ထိုးကျသွားရာ ဟင်းရွက် သည်မှအစ စီးပွါးရေးလုပ်ငန်းရှင်ကြီးများ အဆုံး လုပ်ငန်းလည်ပတ်ရေး ထိခိုက်လျက်ရှိသည်ဟု ကားပွဲစားတဦး က ရှင်းပြသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: