ကော်မရှင်ကမဲရုံမှူးများအား မဲလက်မှတ် ခုနှစ်ထောင်ကျော် ကြိုတင်လက်မှတ် ထိုးခိုင်း

သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မဲရုံမှူးများအား မဲပြား အလွတ်ထောင်ချီ လက်မှတ်ထိုး ပေးခိုင်းကြောင်း အမည်မဖေါ်လို သည့် မဲရုံမှူးတဦးပြောသည်။

“လွယ်လင်မြို့နယ်မှာ မဲရုံ ၄၈ ရုံထားတယ်။ မဲတရုံ မဲလက်မှတ် ၁၅၀ လက်မှတ် ထိုးခိုင်းတယ်၊ မထိုးရင်မရဘူး၊ ဒုက္ခရောက် နိုင်တယ်ဆိုပြီးခြိမ်းခြောက်လို့ လက်မှတ်ထိုး ပေးလိုက်ရတယ်” ဟု မဲရုံမှူးမိသားစုဝင် တဦးက ပြောပါ သည်။ ရပ်ကွက်၊ ကျေးရွာ အကြီးအသေးအလုပ် မဲရုံတရုံတွင် မဲပြားအစောင်ရေ မှ ၃၀၀ သတ်မှတ်ထားသည်ဟုဆို ၏။

“မဲတအုပ်မှာ အစောင်ရေ ၅၀ ပါတယ်။တရုံ ၁၅၀ ဆိုတော့ ၃ အုပ်ပေါ့။ ကုန်သည်တွေ ခရီးလွန်နေသူတွေ ကြိုတင်မဲထည့်ဖို့ စာရင်းကောက်ဖို့သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်တွေက ပြောတော့ မဲရုံမှူးတွေ က သူတို့လဲလိုက်မယ်ပေါ့။ ရွေး ကောက်ပွဲကော်မရှင်တွေက ပေးမလိုက်ချင်ဘူး။ အဲဒါနဲ့ ကတောက်ကဆ တွေဖြစ်ပြီး နောက်ပိုင်း ၃-၄ ရက်အကြာ မဲလက် မှတ်ပေါ် မဲရုံမှူးတွေကို လက်မှတ်ထိုးခိုင်တာ။ အမှန်ဆို မဲပေးမယ့်ရက်မှာ မဲပြားသွားယူမှ မဲရုံမှူးက လက်မှတ်ထိုးရ မှာလေ” ဟု ဆက်ပြေသည်။

ထိုသို့လုပ်ခြင်းမှာ ကြံ့ဖွတ်ပါတီအနိုင်ရရေးအတွက် မတရားသောနည်းလမ်းဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလွယ်လင် ရပ်ကွက် (၄) မှ ရပ်ကွက်သားတဦးကထောက်ပြသည်။

အလားတူ ဟိုပုံးမြို့နယ် အမျိုးသားလွတ်တော်အဆင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ ဦးနေ၀င်းထွန်း ကလည်းဟိုပုံးမြို့နယ် ပုံးအယ်ကျေးရွာအုပ်စု ပုံးအယ်ဘုန်းကြီးကျောင်း၌ ပအိုဝ်းပါတီ PNO သို့မဟုတ် ကြံ့ဖွတ်ပါတီကိုသာ မဲထည့်ပေးရမည်ဟုဆို၏။ ဤနှစ်ပါတီမှ တပါတီအား မဲထည့်မပေးမှန်း နောက်ပိုင်း စစ်ဆေးသိရှိခဲ့ပါက ဒဏ်ငွေ ၅ သောင်း စီရိုက်ခံရမည်ဖြစ်ကြောင်း လလယ်ပိုင်းက ခြိမ်းခြောက် ထားသည်ဟု PNO အဖွဲ့ဝင် ဟောင်းတဦးက ပြောပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: