ကျောက်မဲခရိုင်အတွင်း မဲရုံဆောက်လုပ်ရေးနှင့်တပ်ခြံစည်းရိုးကာရန် လူထုထံငွေကောက်

ကျောက်မဲမြို့နယ် ဒေသခံအာဏာပိုင်နှင့် နအဖ စစ်တပ်တို့ပူးပေါင်းရန် နောင်ပိန်တိုက်နယ်/ ကျေးရွာ အုပ်စုဥက္ကဌများမှ တဆင့် မဲရုံဆောက်ရန် နှင့် တပ်ခြံစည်းရုံးဆောက်ရန်အတွက် ပြည်သူများအပေါ် အိမ်တိုင်းစေ့ ငွေကောက်နေသည်ဟု စုံစမ်းသိရသည်။

“ဒီလ ဒုတိယပတ်လောက်ကတည်းကပိုက်ဆံ စကောက်တယ်။ အများစုကပြီးသွားပြီ။ အစိုးရ၀န်ထမ်း တွေ ပင်စင်စားတွေ ကိုတော့ ချန်လှပ်ထားတယ်” ဟု နောင်ပိန်အုပ် စုမှ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တဦးကပြောသည်။

မဲရုံဆောက်ဖို့၊မဲပေးခွင့်ရှိသူများနာမည်စာရင်းတွေကပ်ဖို့၊ လိုအပ်သည့်ပစ္စည်း ကိရိယာ များဝယ်ဖို့၊ တအိမ် ကျပ် ၅၀၀ ကောက် ခိုင်းခြင်းဖြစ်သည်။ ကြားထဲမှ စစ်တပ်ကလည်း အခွင့်ကောင်းယူကာ စစ်တပ်ခြံစည်းရိုးကာရန်အတွက် တအိမ်ကျပ် ငွေ ၁၀၀၀ ပူးတွဲကောက်ခိုင်းရာ တအိမ် ကျပ်ငွေ ၁၅၀၀ ကျသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတယောက်က ပြောသည်။


“စစ်တပ်ခြံစည်းရိုးကာဖို့ဆိုတာက ပုံဝိုးအုပ်စု အနောက်ဘက် တောင်ခြေရွာက ဗမာတပ်ပေါ့။ ပန်ဇုန်ရွာနဲ့ နီးတယ်။ နမ့်ဟန့် ခိန့်ရဲ့ အရှေ့မြောက်ဘက်ခြမ်းပေါ့။ အဲ့မှာ ယူရေနီယံဆိုလား ရွှေဖြူဆိုလားမသိဘူး တူးဖော်ရေးစီမံကိန်း လေ။ လုံခြုံရေး တပ်ပေါ့” – ဟု လားရှိုးမှကုန်သည်တဦးကပြောပြ၏။

ကောက်ခံငွေများကို နောင်ပိန်တိုက်နယ်ရပ်ကွက် ၃ နာမ်မိန်းဘုန်းကြီးကျောင်းပေါ်၌ဆင့်ဆိုလက်ခံရာ ကျောက်မဲမြို့ ကျား ဖြူပါတီ ကော် မတီဝင် လုံးမာလာ (၅၀ နှစ်) က မဲရုံဆောက်လုပ်ရေးသည် ရွေးကောက်ပွဲကော်မရှင်၏ တာဝန်သာ ဖြစ်သ ဖြင့် ရွာသူရွာသား များထံ ပိုက်ဆံကောက်ယူခြင်းမှာ တရားမျှတမှုမရှိ။ တပ်ခြံစည်းရိုးကာရန်ကိစ္စသည်လည်း တပ်ရံပုံငွေ ဖြင့်သာ လုပ်ရမည် ဖြစ်သောကြာင့် မိမိအနေဖြင့် မထည့်ဝင်နိုင်ကြောင်း အတည့်အလင်းပြောသည်ဟု နောင်ပိန် အုပ်စုမှ ဒေသခံတဦး က ပြန်လည်ပြောပြသည်။

လုံးမာလာမှာ ကျားဖြူပါတီအတွက်အင်တိုက်အားတိုက် စည်းရုံးဟောပြောနေသော်လည်း ထိုဒေသတ၀ိုက်အပြင် နောင်ချို မိုးမိတ်မြို့နယ်များအတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသြဇာ တိုးနိုင်မည့်အခြေအနေမရှိကြောင်း ကျောက်မဲဒေသခံ အစိုးရ ၀န် ထမ်း တဦးကလည်းပြောပြ၏။

“အဲ့ဘက်မှာ ရွာသူကြီးကအစ ကျေးရွာရပ်ကွက် အုပ်စု ဥက္ကဌတွေဟာ ကြံ့ဖွတ်ပါတီဝင် အလိုအလျောက်ဖြစ်နေပြီဆိုတော့ ဘာဘဲဖြစ်ဖြစ် ကြံ့ဖွံ့ပါတီကိုမဲပေးဖို့ဖိအားပေးခံရမှာဘဲ၊ နောင်ပိန်တိုက်နယ်ဥက္ကဌက စစ်မှုထမ်းဟောင်း/ ကြံ့ဖွတ်ပါတီဝင် လေ။ ကျားဖြူပါတီ စည်းရုံးဟောပြောတာကို သွားနားမထောင်ရဘူးလို့ တောင်သူကိုယ်တိုင် ရွာသားတွေကို အမိန့်ပေး ထားတယ်လို့ တောင်ကြားတယ်။ နောက် နောင်ချို၊ မိုးမိတ်ဘက်မှာက သျှမ်းနည်းတယ်။ ၀န်ထမ်းတွေ စစ်ထွက်တွေ များ တယ်” ဟု အဆိုပါဝန်ထမ်းက ဆက်လက်ပြောပြသည်။

နောင်ပိန်မှာ ရပ်ကွက်ကြီး ၆ ရပ်ကွက် အိမ်ခြေ ၈၀၀ ကျော်ရှိ၏်။ မဲရုံဆောက်ဖို့ တပ်ခြံစည်းရိုးကာဖို့ ပိုက်ဆံကောက်ရာတွင် နောင်ပိန် ပုံဝိုး ဟိုင်းကွီတိုက်နယ်များအတွင်းပါဝင်ကြသည့် ပန်တီး၊ ပန်တင်၊ ဟိုဖိုင်၊ နမ့်ဟန့်ခိန့်၊ ပန်မခေါ်၊ ခေးနင်မ်း၊ မော်မာ၊ မော်အော့ပ်၊ လွယ်ကုန်၊ ထန်းနှစ်ပင်စသော ရွာကြီးများလည်းပါဝင်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: