ကားလိုင်စင်ရသော်လည်း နယ်ကျော်ခွင့်အတွက် လာဘ်ထိုးရ

လိုင်စင်မဲ့ကားများ တရားဝင်လိုင်စင်ထုတ်ပေးစဉ်က မန္တလေးနယ်ခံတချို့သည် ကချင်ပြည်နယ် ဗန်းမော်မြို့ ကုန်းလမ်းပို့ ဆောင်ရေး ညွန်ကြားမှုဦးစီးဋ္ဌာန (ကညန) ၌ လိုင်စင်လုပ်ကြရပြီး ယခုအခါ နေရပ်သို့ ၄င်းကားများ သင်္ဘောဖြင့် သယ် ယူ နေကြောင်း သိရသည်။

ကားများ သင်္ဘောပေါ်တင်ခွင့်ရရန် ဗန်းမော် အကောက်အခွန်၊ စသုံးလုံးနှင့် ဆိပ်ကမ်းရဲတို့အား ကျပ် ၃ သောင်းစီ လာဘ်ထိုး ရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မန္တလေးက လူက ဗန်းမော်မှာ အခွန်ဆောင်ပြီးလိုင်စင်သွားလုပ်တယ် မန္တလေးကို သင်္ဘောနဲ့တင်မယ် ဆိုရင် ကာစတမ် ၃ သောင်း၊ စသုံးလုံး ၃ သောင်း၊ ဆိပ်ကမ်းရဲကိုလည်းသီးသန့်ပေးရတယ် သူတို့ပိုက်ဆံမပေးရင် တင်ခွင့် မပေးဘူး ကုန်းလမ်း ကလည်း မောင်းခွင့်မပေးဘူး အဲပုံစံ” ဟု သူက ဆိုသည်။

ကားတန်ဖိုး၏ ၈၅ ရာခိုင်နူန်းအခွန်ဆောင်စေ၍ လိုင်စင်ချပေးရာတွင် ဗန်းမော်က မန္တလေးထက် အခွန်နှုန်း သက်သာပြီး လိုင်စင်မဲ့ကားရှာရလွယ်သဖြင့် မန္တလေးမြို့ခံများ နယ်ဆင်း၍ ကားလိုင်စင်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ လိုင်စင်ကျပြီး ကားများ ဗန်းမော် – မန္တလေးသဘောင်္ဖြင့် နေ့စဉ် သယ်ယူနေပြီး ဋ္ဌာနပေါင်းစုံ လာဘ်ထိုးရကြောင်း နောက် ထပ်နယ်ခံ ကားပွဲစားတစ်ဦးကလည်း ပြောသည်။

“ရွေကူနားက ဇင်းဘိုဆိုတဲ့နေရာနားမှာ လမ်းအရမ်းဆိုးတယ် ကားအသေးလုံးဝသွားလို့မရဘူး အဲဒါကြောင့် သင်္ဘောနဲ့ တင်ပြီး သွားရတယ်၊ ဋ္ဌာနပေါင်းစုံ ၃ ဖွဲ့မကဘူး ပေးရတာ သင်္ဘောနဲ့နေ့တိုင်းလိုလို သွားနေတယ်” ဟု သူက ဆိုသည်။

တရားဝင်လိုင်စင်ကျပြီးကားများသာမက လိုင်စင်မဲ့ကားများလည်း ဗန်းမော်မှ မန္တလေးအထိ တင်ပို့နေကြောင်း သိရသည်။

“သဘောင်္တစ်စီး မတင်ဘူးဆိုရင် ၈ စီး – ၉ စီးလောက်ရှိတယ် ၀စ်သောက် လုပ်စားတဲ့လိုင်းက တစ်လိုင်းသတ်သတ် ရှိ တယ် သူတို့ကနေပြီးပိုက်ဆံပေးတယ် တရားဝင်လိုင်စင်တွေကျတော့ ပိုက်ဆံမပေးချင်ဘူး သူကအမြတ်ခွန်ပေး တရားဝင် လိုင်စင်လုပ်ပြီးသားလေ့  မပေးတော့ရစ်တယ်” ဟု စောစောက သူက ဆိုသည်။

ဒေသတစ်ခုနှင့်တစ်ခု အခွန်ဈေးနူန်း မတူညီမှု ၀န်ထမ်းများလာဘ်စားမှုများကြောင်း အဆိုပါ လိုင်စင်မဲ့ကား လိုင်စင်ထုတ် ပေးခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ဆိုင်းလိုက်သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: