ရခိုင်ပြည်နယ် ဆိုင်ကလုန်းမုန်တိုင်း ၀င်မည်

ယမန်နေ့က မုန်တိုင်းငယ်အသွင်သာရှိနေခဲ့ရာကနေ ယမန်ည ၉ နာရီမှာတော့ ဂီရိအမည်ရှိ ဆိုင်ကလုန်းအသွင် ပြောင်းသွားပါပြီ။တနာရီလျှင် လေတိုက်နှုန်း ၇၅ မိုင်အထိ ရှိနိုင်ပြီး ဒီရေပါတက်လာမှာပါ။ ဒီကနေ့မှာပဲ ကျောက်ဖြူမြို့အနီးကနေ ဖြတ်သန်းမယ်လို့ ခန့်မှန်းထားပေမယ့် ရခိုင်သူ ရခိုင်သားအားလုံး သတိနဲ့ကြိုတင်ပြင်ဆင်ထားကြဖို့ လိုပါတယ်။ ဒီသတင်းကို ဧရာဝတီက မျက်ခြေမပြတ်စောင့်ကြည့် သတင်းထုတ်ပြန်ပေးသွားပါ့မယ်။

ဒေါက်တာထွန်းလွင်ရဲ့ ခန်းမှန့်ချက်အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်…

04B GIRI အမည်တပ် မုန်တိုင်းမျက်စိပေါ်တဲ့အဆင့်ရှိ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးဖြစ်သွားပြီ။

ဒီကနေ့မနက်ကဖြစ်နေခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး ဒီနေ့ည(၉)နာရီခွဲအချိန်မှာ မုန်တိုင်းမျက်စိပေါ်တဲ့အဆင့်ရှိတဲ့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်နေပါတယ်။ လေတိုက်နှုန်းတစ်နာရီ (၇၅)မိုင် အထိရှိနိုင်ပါတယ်။ အန္တရာယ်ကြီးတဲ့ အဆင့်ရောက်နေပါပြီ။ လေသာမက အထူးသဖြင့် ရေတက်ပါတော့မယ်။ အခုမုန်တိုင်းကို မနက်ဖန် (၂၂-၁၀-၂၀၁၀)ရက်နေ့ နေ့ခင်းပိုင်းကစပြီး သတိထားရပါ့မယ်။ ညနေ(၃)နာရီလောက်စပြီး ဆိုးလာနိုင်ပါတယ်။ ဖြတ်မယ်လို့ခန့်မှန်းးတဲ့နေရာက ကျောက်ဖြူမြို့အနီးက ဖြစ်ပါ့မယ်။(အမြဲ Update လုပ်ပါ့မယ်။)

ရေက မုန်တိုင်းဖြတ်မယ့်နေရာ(ဆိုပါစို့ လောလောဆယ် ကျောက်ဖြူပေါ့ဗျာ)ရဲ့ အောက်ဖက် (မုန်တိုင်းလမ်းကြောင်းကို မျက်နှာမူရင် ညာဖက်ခြမ်း)မှာ ရေတွေတက်ပါ့မယ်။ မုန်တိုင်းဖြတ်တဲံ နေရာရဲ့အောက် မိုင်(၂၀-၃၀)အတွင်း အဆိုးဆုံးဖြစ်ပါ့မယ်။ လက်ရှိလေတိုက်နှုန်း တစ်နာရီ(၇၅)မိုင် နဲဆိုရင် (၅)ပေမှ (၆)ပေ လောက်အများဆုံးပါဘဲ။ ရေက လေတိုက်နှုန်း မိုင်(၁၀၀)ကျော်မှ အလွန်ဆိုးတာ ဖြစ်ပါတယ်။ နောက်ပြီး ရခိုင်ကကမ်းရိုးတန်း ရေနက်တော့ မြစ်ဝကျွန်းပေါ် လောက်ရေအတက် မကြမ်းပါဘူး။ သတိရှိပါ။ ကြိုတင်ပြင်ဆင်ပါ။

မုန်တိုင်းပြောင်းလဲပုံကို စောင့်ကြည့်နိုင်တဲ့ နေရာ http://cimss.ssec.wisc.edu/tropic/real-time/indian/movies/met5ir/met5irjava.html

ဧရာဝတီဘလော့ဂ်မှ ကူးယူဖော်ပြသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: