သျှမ်းဝါကျွတ်ပွဲ ကျင်းပခွင့် ပိတ်ပင်ခံရ

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့၌ အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပမည့် သျှမ်းရိုးရာ ၀ါကျွတ် ပွဲတော်ကို ဒေသအာဏာပိုင်များက လုံခြုံရေး အကြောင်းပြချက်ဖြစ် ပိတ်ပင်လိုက်ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ဝါကျွတ် ပွဲနီးကပ်နေသဖြင့် ပွဲကျင်းပခွင့်မပြုကြောင်း အာဏာ ပိုင်များက ယခုလ ၆ ရက်နေ့၌ ပြောကြားခဲ့ကြောင်း ပွဲကော်မတီအသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါပွဲကျင်းပခွင့်ရရေးအတွက် ပွဲဖြစ်မြောက်ရေး ကော်မတီက မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ဥက္ကဋ္ဌထံစာဖြင့် ကြိုတင် တင်ပြထားသောကြောင့် ပွဲဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးကို ခေါ်ယူပြောကြား ကြောင်း သိရသည်။

“ဒီလ ၆ ရက်နေ့မှာ သူတို့ (မယက) က ဘုရားဂေါပကတွေ ရပ်ကွက်လူကြီးတွေ ပွဲကော်မတီတွေကို အစည်းအဝေး ခေါ် တယ် ဒီနှစ်က သူတို့လည်း အလုပ်မအားဘူး လုံခြုံရေးလည်းတာဝန်မယူနိုင်ဘူး ဒါကြောင့် ပွဲကျင်းပခွင့် မပေးဘူးလို့ ပြောတယ်” ဟု ပွဲကော်မတီနှင့်နီးစပ်သူက ပြောသည်။

အဆိုပါ ပွဲသည် သျှမ်းဘာသာဖြင့် ပွဲဆောင်းဆာမ်ဟု ခေါ်ပြီး သီတင်းကျွတ်လဆုတ် ၈ ရက်တွင် ပြုလုပ်လေ့ ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ဘုန်းကြီးကျောင်းများတွင် အလှူပေးခြင်း၊ လှူဖွယ်ဝထ္ထုများဖြင့် စီတန်းလှည့်လှည်ခြင်း၊ သျှမ်းဇာတ်သဘင်များ စတိတ် ရိုးများဖြင့် ပျော်ပွဲကျင်းပခြင်းများ နှစ်စဉ်ပြုလုပ်သည်။

ဒေသအတွင်းရှိ သျှမ်းတိုင်းရင်းသားများသာမက တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွဲကြသဖြင့် နမ့်ခမ်းမြို့တွင် အစည်ကား ဆုံးပွဲတစ်ပွဲ ဖြစ်ကြောင်း သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: