ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ရာတားခံထားရသူ ရွေးကောက်ပွဲတွင် ရှုံးဖွယ်ရှိ

နအဖ စစ်အာဏာပိုင်များ၏ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ရာတားခံထားရသူ အငြိမ်းစား ဗိုလ်မှူးကြီး ကျော်ဇံလှ မှာ စစ်တွေမဲဆန္ဒနယ်တွင် ရှုံးနိမ့်ဖွယ် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက “ ကျွန်တော်တို့ အတွင်း သတင်းအရ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ဗိုလ်မှူးကြီး ကျော်ဇံလှကို နအဖ စစ်အာဏာပိုင်တွေက ရာတား ထားတယ်လို့ သိရတယ်။ သူက ကြံ့ဖွတ်ပါတီရဲ့ ရခိုင်ပြည်နယ် ခေါင်းဆောင် ဖြစ်တယ်။ ဒါပေမယ့် စစ်တွေ မဲဆန္ဒနယ်မှာ သူအနိုင်ရဖို့ သိပ်မလွယ်ဘူး။ သူတို့ လုပ်တဲ့ အစည်းအဝေးကို လူတွေ မလာတာကို ကြည့်ရင် ကြံ့ဖွတ်ပါတီ စစ်တွေမှာ ရှုံးမယ့် အနေအထားမှာ ရှိနေပါတယ်” ဟု သူကပြောသည်။

အောက်တိုဘာလ ၁၇ ရက်နေ့က တရားသီးစုရပ်ကွက်တွင် ကြံ့ဖွတ်ပါတီမှ ပြုလုပ်သော မဲဆွယ်စည်းရုံးရေး ဟောပြောပွဲသို့ လူပေါင်း ၃၀ သာ တက်ရောက်ခဲ့သော်လည်း သူတို့နှင့် မနီးမဝေတွင် တည်ရှိသော လမ်းမတော်မြောက် ရပ်ကွက်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မဲဆွယ် စည်းရုံးရေး ဟောပြောပွဲကို လူပေါင်း ၄၀၀ ကျော် တက်ရောက် နားထောင်ခဲ့သည်ဟု သူက ပြောသည်။

“ အခု စစ်တွေမှာ ရခိုင်တိုင်းရင်သားများ တိုးတက်ရေး ပါတီက ရှေ့က ပြေးနေတယ်။ ကြံ့ဖွတ်ပါတီက အားနဲ့ လုပ်နေတာတောင် နိုင်မယ့် အနေအထား မရှိဘူး။ ဒါကြောင့် တချို့နေရာတွေမှာ ရပ်ကွက် ရယက၊ ရွေးကောက်ပွဲ ကော်မရှင်တို့နဲ့ သူတို့ ပူးပေါင်းပြီး လူထုကို အားနဲ့ ခေါ်တာတောင် စစ်တွေလူထုက မလာဘူး။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဆိုရင် လူတွေက ထောက်ခံ မူ အပြည့်ရှိနေတာကို တွေ့ရပါတယ်။”

အလားတူ ရခိုင်ပြည်နယ်က မြို့နယ် အများစုတွင်လည်း ကြံ့ဖွတ်ပါတီ အခြေအနေ မကောင်းကြောင်း နှင့် တချို့ ကြံ့ဖွတ်ကိုယ်စားလှယ်လောင်းများမှာ အထူး စိတ်ဓါတ် ကျဆင်း နေကြောင်း သတင်းများ ရရှိသည်။

စစ်တွေမြို့နယ်မှ ၀င်ရောက် အရွေးခံမည့် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းများမှာ ဦးကောင်းစံရွှီ ( ပြည်သူ့လွှတ်တော်)၊ ဒေါက်တာ ချမ်းသာ ( အမျိုးသား လွှတ်တော်)၊ ဒေါက်တာ စန်းရွှေ (ပြည်နယ် လွှတ်တော်) နှင့် ဗိုလ်မှူးကြီး အငြိမ်းစား ကျော်ဇံလှ (ပြည်နယ် လွှတ်တော်) တို့ ဖြစ်သည်။

—————————————————————————

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ရာတား ခံထားရသူ ဗိုလ်မှူးကြီး ဦးကျော်ဇံလှ၏ ကိုယ်ရေးအကျဉ်း

အမည်                       ဦးကျော်ဇံလှ
အသက်                      ၆၁ နှစ်
(မွေးသက္ကရာဇ်)           (၀၆-၀၄- ၁၉၄၉)
မွေးရာဇာတိ               စစ်တွေ
မိဘနှင့် မိသားစုအခြေအနေ

အဖ              ဦးစိန်ထွန်းအောင်၊ အမိ ဒေါ်အေးစိန်
ဇနီး             ဒေါ်စန္ဒာထွန်း၊ သမီး (၂)ဦး

ငယ်စဉ်က တက်ရောက်ပညာသင်ကြားခဲ့သည့် ကျောင်းများ

စစ်တွေမြို့ ကျောင်းကြီးလမ်းရပ်ကွက် အစိုးရမူလတန်းကျောင်း၊

စစ်တွေမြို့ အစိုးရအထက်တန်းကျောင်း အမှတ် (၁)
စစ်တွေမြို့ ဦးအောင်လှဇံ အလွတ်ပညာသင်ကျောင်း
ရန်ကု ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်
ပညာရေးအဆင့်အတန်း
BA (Psy), C.A.Psy (credit)

တက်ရောက်ခဲ့သော တပ်မတော်ဆိုင်ရာ သင်တန်းများ
ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၅)
တိုင်းတပ်တွင်း ပညာပေးသင်တန်း အမှတ်စဉ် (၁၄)
၇၅-မမ နောက်ပွင့်နှင့် စက်လတ်အရာရှိ သင်တန်း အမှတ်စဉ် (၁၅)
ရေး/ထောက် ဦးစီးအရာရှိသင်တန်း အမှတ်စဉ် (၃/၈၁)
အသုံးချစိတ်ပညာဘွဲ့လွန်သင်တန်း။
ခြေလျင်တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၉၁)
ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဉ် (၁၃)
တပ်ရင်းမှူးများ မွမ်းမံသင်တန်း အမှတ်စဉ် (၃)
စစ်ဦးစီးတက္ကသိုလ်သင်တန်း အမှတ်စဉ် (၄၅)

တပ်မတော် တာဝန်အဆင့်ဆင့် ထမ်းဆောင်မှု
၁၉၇၃ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ချင်းသနက (၃)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းယောင်းတွင် ဒုတိယဗိုလ်အဆင့်မှ ဗိုလ်ကြီးအဆင့်ထိ၊
၁၉၇၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ တပ်မတော် ဗိုလ်ရွေးအဖွဲ့တွင် ဗိုလ်ကြီး၊ စိတ်စစ်ဆင်ရေးအရာရှိ၊
၁၉၈၄ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ဗိုလ်ကြီး၊ တပ်ခွဲမှူး ခလရ (၁၀) စကုမြို့။
၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ တပ်ခွဲမှူး (ဗိုလ်မှူး) ကချင် သနက (၃)၊ ကွမ်းလုံမြို့၊
၁၉၈၉ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ဗိုလ်မှူး၊ စစ်ဦးစီးမှူး (ဒုတိယတန်း)၊ ရမခ၊ လာရှိုးမြို့။
၁၉၉၀ ပြည့်နှစ်မှ ၁၉၉၁ ခုနှစ်အထိ ဗိုလ်မှူး၊ ဒုတိယတပ်ရင်းမှူး၊ ခလရ (၆၂)၊ မုဒုံမြို့။
၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ ဒုတိယဗိုလ်မှူးကြီး တပ်ရင်းမှူး ခမရ (၄၀၉)၊ ကလိန်အောင်၊ ထားဝယ်မြို့။
၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ဒုတိယဗိုလ်မှူးကြီး စစ်ဦးစီးချုပ်(ပထမ)တန်း (ဦးရေးထောက်) ကစခ (၂)၊ လွယ်လင်မြို့။
၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ဗိုလ်မှူးကြီး၊ စစ်ဗျူဟာမှူး၊ တပခ၊ တောင်ငူမြို့။
၁၉၉၉ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)၊ မော်စကိုမြို့။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ။

ပါဝင်တာဝန်ထမ်းဆောင်ခဲ့သော စစ်ဆင်ရေးကြီးများ

ရဲရန်အောင်စစ်ဆင်ရေး (ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ)
ရဲရန်နိုင် စစ်ဆင်ရေး (ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ)
လေးမာန်အောင် စစ်ဆင်ရေး (ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ)
ရဲမင်းအောင်စစ်ဆင်ရေး (ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ)
အောင်မိုးဟိန်း စစ်ဆင်ရေး (ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ)
ဇွဲအောင်လင်း စစ်ဆင်ရေး (မွန်ပြည်နယ်/ ကရင်ပြည်နယ်ဒေသ)
နဂါးမင်းစစ်ဆင်ရေး (တနင်္သာရီတိုင်းဒေသ)
သံလျက်စစ်ဆင်ရေး (တနင်္သာရီတိုင်းဒေသ)
အောင်တံခွန် စစ်ဆင်ရေး (ကရင်ပြည်နယ်ဒေသ)
အထက်ပါ စစ်ဆင်ရေးကြီးများတွင် ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့ခြင်းကြောင့် အထက်အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ခြင်းများ ရရှိခဲ့ပါသည်။

ရခဲ့သည့်ဘွဲ့တံဆိပ်များ
နိုင်ငံတော် စစ်မှုထမ်းတံဆိပ်
ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်
နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်၊
မိုင်းယန်း/မဲသဝေါတိုက်ပွဲတံဆိပ်
စစ်မှုထမ်းသက်တံဆိပ် (၃၃)နှစ်
တပ်မတော်ဂုဏ်ဆောင် အမှုထမ်းတံဆိပ်
စစ်ပွဲထမ်း သက်တံဆိပ်
နိုင်ငံတော် အကျိုးဆောင်တံဆိပ်
စစ်ပွဲတံဆိပ် (၁၉၇၄-၁၉၈၈)
စစ်ပွဲတံဆိပ် (၁၉၈၈-၁၉၉၀)
တပ်ခွဲမှူးသင်တန်းတံဆိပ်
တပ်ရင်းမှူး သင်တန်းတံဆိပ်
စစ်ဦးစီးတက္ကသိုလ်သင်တန်း တံဆိပ်
စီမံထူးချွန်တံဆိပ် (ပထမအဆင့်)
နိုင်ငံတကာအတွေ့အကြုံ
ထိုင်းနိုင်ငံ၊ ရှုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ။

နယ်ဘက်တာဝန်ထမ်းဆောင်မှု
၂၀၀၅ ခုနှစ်မှ ယနေ့ထိ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ ၀န်ထမ်းရေးရာဦးစီးဌာနတွင် ညွန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
တနင်္သာရီတိုင်းတွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ရတနာဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်း ဖေါက်လုပ် ရေး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
ရေး- ထားဝယ် မီးရထားလမ်းဖေါက်လုပ်ရေးစီမံကိန်းတွင် ပါဝင် အကောင်အထည် ဖေါ်ဆောင်ရွက် ပေးသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရခိုင်ပြည်နယ်၊ စည်းရုံးရေးတာဝန်ခံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်ချုပ်သိန်းဆွေနှင့်အတူ နောက်လိုက် အဖွဲ့ဝင်အဖြစ် မကြာခဏ ရခိုင်ပြည်နယ်သို့ လိုက်ပါ ဖူးသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: