မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး တနေရာထဲပြောင်းရွှေ့ရန် စစ်အစိုးရမှညွှန်ကြား

စန္ဒာဦး(အောက်တိုဘာ-၂၁)။ ။မွန်ပြည်သစ်ပါတီမှ ခွဲထွက်အဖွဲ့တစ်ခုဖြစ်သည့် မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲဝင်များကို စစ်အစိုးရမှ တနေရာထဲမှာစုစည်းနေဖို့ညွှန်ကြားချက် တွေပေးလာခဲ့သည်ဟု အဖွဲ့နှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကို တပ်တည်နေရာအဖြစ်သတ်မှတ်ပေးထားသော ဖါးအံမြို့နယ်၊ကော့ယက္ခအမှတ်(၁) အထူးဒေသကို အောက်တိုဘာလ(၁၁)ရက်နေ့နောက်ဆုံးထားပြီး တပ်အားလုံးပြောင်းရွှေ့ကြရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်စစ်ဦးစီးမှူးပထမတန်း၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးဌာနကနေ ညွှန်ကြားချက်ပေးလာခဲ့သည်။

အဆိုပါညွှန်ကြားချက်အပေါ် မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲအနေနှင့် လက်ရှိအနေအထားအရ ပြောင်းရွှေ့ ရန်အခက်အခဲရှိနေကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကိုတင်ပြထားသည်ဟု အဖွဲ့နှင့်နီးစပ်သူ စီးပွါးရေး လုပ်ငန်းရှင်တစ်ဦးကိုဆက်သွယ်မေးမြန်းရာတွင် ယခုလိုပြောပါသည်။

“(၁၁)ရက်နေ့ကို ကော့ယက္ခအထူးဒေသကို ပြောင်းရွှေ့ဖို့ညွှန်ကြားထားတာရှိတယ်။ အဲတာ သူတို့က အချိန်တိုတို အတွင်း(၄)ရက်အတွင်းမှာဆိုရင်ပြောင်းဖို့အချိန်မလုံလောက်ဘူး။ ဒီကော့ယက္ခဒေသဟာလဲ လမ်းပန်းဆက်သွယ်ရေး ဟာခက်တယ်။ နောက်နယ်မြေကကျဉ်းတယ်။ နောက်ရွာတွေငယ်ပြီးတော့ ဒီစားဝတ်နေရေးတွေအဆင်မပြေဘူး။ အကောက်အခွန်လဲကောက်လို့မရတဲ့အခါကျတော့ စားဝတ်နေရေးတွေအခက်အခဲရှိတယ်။ အဲဒီလိုတင်ပြထားတာရှိတယ်။”

ထို့အပြင် နောက်ထပ်နေရာဒေသသစ်များဖြစ်သော နောက်ကျိုက်မရောမြို့နယ် ကော့ဒွန်းကော့ပနောဒေသ ရေးမြို့နယ်တောင်ပိုင်းမြောက်ပိုင်းနယ်မြေဒေသ သံဖြူဇရပ်မြို့နယ်ရသေ့တောင်ဒေသ၊ မုဒုံမြို့နယ်၊ သထုံခရိုင်ဒေသအချို့ ကိုလည်းထပ်မံတောင်းဆိုမှုပြုခဲ့သည်ဟု အဖွဲ့နှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။

ဤတောင်းဆိုချက်အပေါ် စစ်အစိုးရမှ အကြောင်းပြန်ခြင်းမရှိသေးဟု အဖွဲ့နဲ့နီးစပ်သူ တစ်ဦးမှပြောပါသည်။

စစ်အစိုးရကနေသတ်မှတ်ပေးထားသော ကော့ယက္ခအထူးဒေသသည် ယခင်ကမွန်ပြည်သစ်ပါတီနှင့်စစ်အစိုးတို့ အပစ်ခတ် ရပ်ဆဲရေးစတင်ဆွေးနွေးစဉ်က မွန်ပြည်သစ်ပါတီကို ယာယီတပ်တည်နေရာအဖြစ် သတ်မှတ်ပေးထားသည့် နယ်မြေဖြစ်ပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ကို (၂ဝဝ၈)ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှအနားယူ ထားသော စစ်ဦးစီးချုပ်ဟောင်းဗိုလ်ချုပ်အောင်နိုင်မှ နေပြည်တော်စစ်အာဏာပိုင်များနှင့်နားလည်မှုရယူပြီး ဖွဲ့စည်းတည် ထောင်ခဲ့ပါသည်။

တပ်အသွင်ပြောင်းရေးကိုလက်မခံသည့် မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရကနေ စစ်ရေးအရ ထိုးနှက်လာမည်ဆိုလျှင် မွန်ပြည်သစ်ပါတီလှုပ်ရှားရာ နယ်မြေဒေသများကို ပြန်လည်ချုပ်ကိုင်ရန် အစီအစဉ်ရှိရှိနဲ့ လုပ်ဆောင်နေသည်ဟု စစ်အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးမှ ပြောပါသည်။

မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးအဖွဲ့ကို မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင် ကွယ်လွန်ပြီးနောက်ပိုင်း ဒုတိယဥက္ကဌဖြစ်သူ ဗိုလ်ချုပ် နိုင်ရှောင်မှ ဥက္ကဌအဖြစ်ဆက်လက်ဦးဆောင် ခဲ့ပါသည်။
မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့သည် စစ်အစိုးရအလိုကျ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဖွဲ့စည်းရန် သဘောတူညီ ချက်ရရှိပြီးဖြစ်သော်လည်း လိုအပ်သောတပ်ဖွဲ့ဝင်ဦးရေ မပြည့်သောပြဿနာကြောင့် ယနေ့ထိတိုင်ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: