မွန်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးစခမ်း(၆)ခုဆန်ပြတ်လပ်နေ

ကိုသိုက်(အောက်တိုဘာ-၂၁)။ ။မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်နယ်မြေထဲတွင်ရှိသည့် မွန်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစခမ်း (၆)ခု၌ ယခုရိက္ခာဆန်တွေပြတ်လပ်နေပြီးဟု ဒေသခံရွာသားများမှပြောပါသည်။

မွန်ကယ်ဆယ် ရေးနဲ့ဖွံ့ဖြိုးရေး ကော်မီတီအနေနှင့် ဆန်ပြတ်လပ်မှုပြသနာကိုဖြေရှင်းရန် သက်ဆိုင်ရာအကူညီပေးရေးအဖွဲ့များ အန်ဂျီအိုအဖွဲ့များနှင့် ဆက်သွယ်ရန်စီစဉ်နေကြောင်း မွန်ကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေးကော်မီတီ အတွင်းရေးမှူးနိုင်ဗညားအိန်ကအခုလို ပြောပါသည်။

“သတ်မှတ်တဲ့နှုန်းကတော့ တနှစ်ကိုသုံးလစာတော့ သူတို့ပေးထားပြီးပြီးပေါ့နော်။ အခုရွာသားတွေက ဆန်ပြုတ်စားနေရတယ်ဆိုတော့ ငတ်နေကြတယ်ဆိုတော့ အဲတာတွေ သူတို့အတွက်ကိုဘယ်လိုစီစဉ်ပေးမလဲ ဆိုတာကို ကျွန်တော်တို့လဲစဉ်းစားနေတယ်။ (၄)လပိုင်းတုံးကတော့ ပြည်သူလူထုတွေ ထွက်ပြေးနေကြတယ်လေ။ ထွက်ပြေးကြတော့ ဆန်တွေက တောမှာတနေရာမှာသွားဖွက်ထားတာပေါ့။ မိုးတွင်းလဲဖြစ်နေတယ်လေ။ အဲတာ ကြောင့် ဆန်တွေစိုသွားလား၊ နောက်ပြီးတော့ တောကောင်တွေလာစားကြကုန်တယ်။ အဲတာကြောင့်ဆန်တွေ ကုန်သွားတယ်ဗျ။”

ဤစခမ်းများသည် ယခင်ကစစ်ပြေးဒုက္ခသည်ရွာအသွင်ရှိခဲ့သော်လည်း မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရ တို့ အပစ်ခတ်ရပ်စဲကာ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးစခမ်းအဖြင့် မွန်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး ကော်မီတီမှသတ်မှတ်ခဲ့သည်ဟု ကော်မီတီဝင်တစ်ဦးမှပြောပါသည်။ မိဇိ(မိပ်ဇြိပ်)၊ ကရုံးဗိုင်၊(ကြုင်ဗိုင်) ဂျာတုံး (စောဍုင်)၊ ဝင်နိုက်(ဝင်နာ်) တောလဝီ(တ်ုလွီ) ကရုံးဗတင်း(ကြုင်ဗ္တီ) အစရှိသော ပြန်လည်ထူထောင်ရေးစခမ်း (၆)ခုတွင် လူဦးရေ(၂ဝဝဝ)ကျော်ရှိသည်ဟုကော်မီတီဝင်တစ်ဦးမှပြောပါသည်။

ပြန်လည်ထူထောင်ရေးစခမ်း(၆)ခုတွင်ရှိနေသည့်ရွာသားများသည် ရေးမြို့နှင့်ရာဖူးကျေးရွာအုပ်စုဘက်တွင် ဆန်ဝယ်ယူသည့်အခါ၌လည်း သက်ဆိုင်ရာရေးမြို့တံတားဖြူဂိတ်နဲ့ မလွှဲတောင်ဂိတ်မှ ဆန်သယ်ဆောင်ခွင့် ပိတ်ပင် ထားသောကြောင့် အခက်အခဲများနှင့်တွေ့နေရသည်ဟု ရွာသားတစ်ဦးမှပြောပါသည်။

အဆိုပါစခမ်းများသည် မွန်ပြည်သစ်ပါတီထိန်းချုပ်ထားသည့် ထားဝယ်ခရိုင်ဌာနချုပ်ဝန်းကျင်တွင် ရှိနေ သည့်ရွာများဖြစ်ပါသည်။

ဧပြီလ(၂၂)ရက်နေ့တွင် မွန်ပြည်သစ်ပါတီအနေနှင့် စစ်အစိုးရတိုက်တွန်းထားသော တပ်အသွင်ပြောင်းလဲရေးကို ပြတ်ပြတ်သားသားငြင်းဆန်ခဲ့သည့်အပေါ် စစ်အစိုးရကနေ စစ်ရေးအရထိုးစစ်ဆင် လာမည်ဟုသတင်းထွက်ပေါ်နေသောကြောင့် ရွာသားများအနေနှင့် ထိုင်းနယ်စပ် ခလော့ခနီ ဒုက္ခသည်စခမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ပါသည်။

အကယ်၍ငြိမ်းချမ်းရေးပျက်ပျယ်ပြီး စစ်ရေးတင်းမာလာမည်ဆိုလျှင် နယ်စပ်ဒေသများတွင် စစ်ပြေးဒုက္ခသည်များ တိုးပွါးလာလိမ့်မည်ဟု ဒုက္ခသည်စခမ်း တာဝန်ရှိသူများမှ ပြောပါသည်။

စစ်အစိုးရကနေကျင်းပပေးမည့် ရွေးကောက်ပွဲကာလတွင် ထိုင်းနိုင်ငံဘက်မှလည်း နယ်စပ်ဒေသများတွင် လုံခြုံရေးတိုးမြင့်ချထားမည်ဟု ထိုင်းစစ်အာဏာပိုင်များမှ သတင်းထုတ်ပြန်ထားပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: