USDP ထောက်ခံမဲရရှိရေး PNO ကိုယ်စားလှယ်လောင်းစည်းရုံးပေး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့အနီးရှိ ပအိုဝ်းကျေးရွာသူရွာသားအချို့အား ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO ကိုယ်စားလှယ်လောင်းက ပြည်ခိုင်ဖြိုးပါတီကိုထောက်ခံမဲပေးရန် စည်းရုံးပြောဆိုနေကြောင်း စုံစမ်း သိရှိရပါသည်။

“ပြည်ခိုင်ဖြိုးကိုမဲမပေးရင် တစ်ယောက်ကို ကျပ်ငါးသောင်းဒဏ်ငွေပေးရမယ်လို့ ခြိမ်းခြောက်နေတယ်” ဟုလွိုင်လင်မှ ပအိုဝ်း လူငယ်တစ်ဦးကပြောပါသည်။

PNO သည် ၂၀၀၈ ဖွဲ့စည်းပုံပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ် တို့၌သာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန်ဒေသရှိပအိုဝ်းလူမျိုးများကို ပြည်ခိုင်ဖြိုးပါတီအတွက် ကူညီမဲဆွယ်စည်းရုံး ပေးမည်ဟု နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိထားကြောင်း ၎င်းကဆက်လက်ပြောပါသည်။

ပြည်ခိုင်ဖြိုးပါတီက လွိုင်လင်မြို့အတွင်း မဲစာရွက်နမူနာလိုက်လံကပ်ရာ ၎င်းတို့နောက်ကွယ်၌ ပြည်သူများက ဆုတ်ဖြဲပစ် ကြသည်ဟု လွယ်လင်မြို့ခံတစ်ဦးကလည်း ဤကဲ့သို့ပြောပါသည်။

“ကျားဖြူလုပ်သလို ကြံ့ဖွံ့ကလဲ မဲစာရွက်နမူနာတွေလိုက်ကပ်တယ်လေ။ မြို့ခံတွေကတော့ ကြံ့ဖွံ့ပါတီဝင်နောက် ကွယ်မှာ သူတို့ရဲ့မဲစာရွက်နမူနာတွေခွါပြီးဖြဲပစ်လိုက်ကြတယ်။ သူတို့ လျှပ်စစ်ရုံး EPC ရှေ့မှာ သွားကပ်ထားတာ ရုံးဝန်ထမ်းတွေမြင် တော့ လာမကပ်ဖို့ဟောက်လွတ်လိုက်တယ်။ ကျားဖြူကိုတော့ မြို့ခံတွေကကူကပ်ပေးကြတယ် လေ”

သျှမ်းပြည်မြို့တော် တောင်ကြီး၌လည်း ပြည်ခိုင်ဖြိုးပါတီက ညောင်ရွှေဟော်ကုန်းရပ် ရယကရုံးသို့ ရပ်ကွက်သူရပ်ကွက် သားများအား အစည်းအဝေးသုံးကြိမ်ခေါ်ရာတွင် မည်သူမျှရောက်မလာကြသဖြင့် ရုံးအနီးရှိ န၀ရတ်ခန်းမ စင်တင်တေးဂီတ မှ အလုပ်သမားများကိုခေါ်ယူပြောဆိုခဲ့ရကြောင်း သိရှိရပါသည်။

“ပြီးခဲ့တဲ့အပတ်ကပေါ့။ အစည်းအဝေးခေါ်တာ ရပ်ကွက်သားတွေတစ်ယောက်မှမသွားကြတော့ ရပ်ကွက်ရုံးအနီးက န၀ရတ် ခန်းမစင်တင်တေးဂီတက အလုပ်သမ ၁၀ ယောက်ကျော်ခေါ်ပြီး ပြောဆိုရှင်းလင်းခဲ့တယ်။ တစ်ယောက်ကို ပိုက်ဆံတစ် ထောင်ပေးပြီး ပြည်ခိုင်ဖြိုးကိုထောက်ခံမဲပေးဖို့လက်မှတ်ထိုးခိုင်းတယ်” ဟု ညောင်ရွှေဟော်ကုန်းရပ်နေ တောင်ကြီးသား တစ်ဦးကပြောပါသည်။

ထို့အပြင် တောင်ကြီးဈေးကြီးအတွင်း၌လည်း SNDP ကျားဖြူပါတီကလည်း ၎င်းတို့၏မဲဆွယ်လက်ကမ်းစာစောင်များ ယနေ့ ဖြန့်ဝေနေကြောင်း သိရှိရပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: