SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ရန်ဒေသခံများအား နအဖတပ် ညွှန်ကြား

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ဒေသခံများအား အာဏာပိုင်များက SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ပြီး သတင်းပေးပို့ရန် ညွှန်ကြားထားကြောင်း နယ်စပ်သတင်းများအရသိရှိရပါသည်။

“SSA တောင်ပိုင်းတပ်ဖွဲ့လှုပ်ရှားသွားလာနေတာတွေ ၂၄ နာရီစောင့်ကြည့်ခိုင်းထားတယ်။ သတင်းရရင် သုံးရက်နောက်မကျ စေဘဲ ပေးပို့ခိုင်းထားတယ်” ဟု မိုင်းတုံဒေသခံတစ်ဦးကပြောပါသည်။

အောက်တိုဘာ ၁၆ ရက်ည မိုင်းတုံမြို့အနီးရှိ ၀မ့်မိုင်ဟွေဆိုင်းကျေးရွာမှ ရွာသား ၁၂ ဦးနှင့် မိုင်းတုံသား ၄ ဦးတို့အား SSA တောင်ပိုင်းက စစ်သားသစ်အဖြစ်ခေါ်ဆောင်သွားသည်ဟုဆိုသည့်သတင်းထွက်ရှိပြီးနောက် ထိုကဲ့သို့ညွှန်ကြား ထားခြင်းဖြစ်သည်ဟုဆို၏။

“SSA တောင်ပိုင်း တပ်သားသစ်စုဆောင်းနေလို့ ရွာသူရွာသားတွေလဲ ကျားဖြူပါတီကို အားမပေးကြတော့ဘူး။ ကျားဖြူကို ဘယ်သူမှမဲမပေးနဲ့။ ပြည်ခိုင်ဖြိုးကိုဘဲ မဲပေးဖို့ပြောနေကြတယ်” ဟု အဆိုပါဒေသခံက ဆက်လက်ပြောပါ သည်။

SSA တောင်ပိုင်းတပ်သားသစ်စုဆောင်းနေသောကြောင့် မိုင်းတုံဘက်သို့ ကျားဖြူပါတီစည်းရုံးရေးဆင်းရန် ခက်ခဲနေ ကြောင်း မိုင်းတုံကျားဖြူပါတီဝင်တစ်ဦးက ဤကဲ့သို့ပြောပါသည်။

“ကျားဖြူပါတီက SSA တောင်ပိုင်းနဲ့ ဘာမှလုံးဝမပတ်သက်ပါဘူး။ ဒါပေမဲ့ SSA တောင်ပိုင်းတပ်သားသစ်စုဆောင်းတဲ့ ကိစ္စ ကြောင့် ဒေသခံတွေလဲ ကျနော်တို့ကိုအားပေးထောက်ခံမှုမရှိတော့ဘူး။ ၀ါးလုံးရှည်နဲ့ရမ်းတော့ ကျနော်တို့လဲ မိုင်းတုံဘက် သွားစည်းရုံးဖို့ ခက်နေတယ်။ စည်းရုံးရေးတွေရပ်ထားရတယ်”

SSA တောင်ပိုင်းပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောဝ်ဆိုင်က “ကျားဖြူပါတီနဲ့လဲ ဘာမှမပတ်သက်ဘူး။ ကျနော်တို့ပေါ်လစီရှိ တဲ့ အတိုင်းလုပ်တာ။ တပ်သားသစ်စုဆောင်းမယ်ဆိုတာလဲ ရပ်ရွာအကြီးအကဲတွေကို ကြိုတင်အကြောင်း ကြားထားပြီးသား။ ဘာမှအကြောင်းမပြန်လာတော့ သွားခေါ်လာပြီးမေးမြန်းတာပါ။ ဖမ်းဆီးချုပ်နှောင်တာတွေ မလုပ်ပါ ဘူး” ဟုပြောပါသည်။

SSA တောင်ပိုင်းက ပုံပါကျင်မြို့စွန်ပိုင်းရှိ ရွာတစ်ရွာမှရွာသားသုံးဦးအားခေါ်ဆောင်သွားခဲ့ကြောင်း BBC သတင်းဌါနက လည်း အောက်တိုဘာ ၁၅ ရက်၌ ထုတ်လွှင့်ခဲ့သေးသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: