နယ်စပ်ဂိတ်အကြောင်းပြပြီး USDP မဲဆွယ်စည်းရုံး

သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ် USDP ဥက္ကဌ ဦးစိုင်းအောင်ကြည်က လူထုအပြည့်အ၀ထောက်ခံမဲပေး လျှင် ထိုင်း – မြန်မာနယ်စပ်ဂိတ်တခုဖြစ်သည့် ဘီပီဝမ်းဂိတ်အား ပြန်ဖွင့်နိုင်ရန်လုပ်ပေးမည်ဟု စည်းရုံးရေး ခရီးစဉ် ၌ ပြောဆိုနေကြောင်း စုံစမ်းသိရှိရပါသည်။

“အဲဒီဂိတ်ဟာ လွန်ခဲ့တဲ့နှစ်တွေက နယ်စပ်အရေးမတည်ငြိမ်လို့ ပိတ်လိုက်ဖွင့်လိုက်ဖြစ် နေပါတယ်။ အခုလဲ ဂိတ်ပိတ်ထား တာ ၂ နှစ်ကျော် ရှိနေပြီ။ ဒီတခေါက်ပိတ်တာအကြာဆုံးဘဲ” ဟု ချင်းမိုင် ရောက် နယ်စပ်ဒေသခံ သျှမ်းလူငယ်တဦးက ပြောပါသည်။

လက်ရှိ ဘီပီဝမ်းဂိတ်တွင် အရေးပေါ်လူနာတွေ၊ ဒေသခံအာဏာပိုင်နဲ့ အဆက်အသွယ်ရှိသူများသာ ဖြတ်သန်းသွားလာနိုင် ကြောင်း၊ ထို့ကြောင့် တာချီလိတ်ဘက်မှလာသည့် ကုန်စည်များကိုသာ အားထား နေရကြောင်း ကုန်သည်တဦးကလည်း ဤကဲ့သိုပြောပြပါသည်။

“ဘီပီဝမ်း ဂိတ်ပြန်ဖွင့်ပေးဖို့ ဒေသခံလူထုကမျှော်လင့်နေပေမယ့် ကြံ့ဖွံ့ပါတီမဲပေးဖို့အရေးကိုတော့ စဉ်းစား ဦးမယ်” – ဟု မိုင်းတုံ ဒေသခံ သျှမ်းတရုတ်ကုန်သည် အမျိုးသမီးတဦးကပြောပါသည်။

လမ်းတံတားဆက်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး (အခြေခံမူလအဆင့်ပညာရေး အခမဲ့) လယ်ယာမြေပိုင် ဆိုင်မှု အာမခံပေးမည်ဟုပြောသည့် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အမျိုးသားလွှတ်တော် ဒေါ်နန်းငွေမြ နှင့် ပြည်သူ့လွှတ်အမတ်လောင်း စိုင်းကော်တိုင်းတို့လည်း ပြီးခဲ့သည့် အောက်တိုဘာ ၁၃-၁၄ ရက်နေ့တွင် စည်းရုံးရေးဆင်း ခဲ့ကြောင်း နားကောင်းမူးဒေသခံတဦးကလည်း ဤကဲ့သို့ပြော၏။

“ကြံ့ဖွတ်က အနိုင်ရရင် ဘီပီဝမ်းဂိတ်ဖွင့်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စည်းရုံးရေးဆင်းတယ်၊ ကျားဖြူကတော့ ဘယ် ပါတီမဆို မဲပေးပိုင်ခွင့်ရှိတယ်၊ အသက် ၁၈ နှစ်ပြည့်သူတိုင်းအတွက် အခွင့် အရေးဘဲ။ မဲမပေးဘဲလဲနေလို့ရတယ်လို့ ပြောတယ်”

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကြံ့ဖွတ်ပါတီဟု လူသိများသည့် ပြည်ခိုင်ဖြိုးပါတီ နှင့် လားဟူအမျိုး သားဖွံ့ဖြိုးတိုး တက်ရေးပါတီတို့ဖြစ်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: