ကချင်နဲ့နအဖတပ်တွေ အပြန်အလှန်ဝိုင်းထား
October 18, 2010 Leave a comment
ကချင်ပြည်နယ် မိုးညှင်းနဲ့ ဟိုပင်မြို့မှာ ရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIC) ရဲ့ ဆက်ဆံရေးရုံးတွေကို မြန်မာနအဖ
အစိုးရတပ်တွေက အခုညမှာပဲ ၀ိုင်းထားကြပါတယ်။
ဟိုပင်မြို့ရုံးမှာ ရှိတဲ့ ဆက်ဆံရေးအရာရှိ ဗိုလ်ကြီးခေါင်လွန်းနဲ့ ရဲဘော်နှစ်ဦးကိုလည်း နအဖတပ်က ဖမ်းသွားတယ်လို့
ကချင်လွတ်လပ်ရေး တပ်မတော် KIA ဒုတိယစစ်ဦးစီးချူပ် ဗိုလ်မှူးချူပ် ဂွမ်မော်က ဘီဘီစီကို အတည်ပြုပြောပါတယ်။
KIAဘက်ကလည်း တန်ပြန်တဲ့အနေနဲ့ ညသန်းခေါင်လောက်မှာ လဂျားယံမှာရှိတဲ့ မြန်မာတပ်စခန်းစုကို ၀ိုင်းထားတယ်လို့
ဒေသခံတစ်ဦးအပြောအရ သိရပါတယ်။
ဘယ်လိုပုံစံဝိုင်းထားသလဲဆိုတာကို ဗိုလ်မှူးချူပ် ဂွမ်မော်ကို မေးကြည့်ရာမှာတော့ သူ့တပ်တွေက အရင်ကတည်းက အဲဒီ
ဝန်းကျင်မှာ တပ်ချထားပြီးသား လို့ပဲ ပြောပါတယ်။လဂျားယံမှာ မြန်မာနအဖတပ်အပြင် မြန်မာအစိုးရဖက်က ရဲ၊စသုံးလုံးနဲ့
လ၀က ရုံးတွေလည်းရှိပါတယ်။
မြန်မာနအဖတပ်က ဘာကြောင့် ၀ိုင်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဗိုလ်မှူးချူပ် ဂွမ်မော်က ပြောပါတယ်။ဒါကြောင့်
လဂျားယံမှာရှိတဲ့ မြန်မာတပ်ကတဆင့် ဖြေရှင်းချက်တောင်းနေတယ်လို့လည်း ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီမနက်၂နာရီကျော်ကျော်လောက်မှာ မြန်မာနအဖတပ်ဘက်ကနေ တရုတ်-မြန်မာနယ်စပ်အနီးက
လွယ်ဂျယ်ဘက်ဆီကို တပ်အင်အားတိုးချဲ့ဖို့ စစ်ကား၃စီးလည်း သွားနေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
KIO က မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ်ကိစ္စ လက်မခံတဲ့နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ KIO ကြားတင်းမာမှုတွေ ပြင်းထန်
လာပြီး အခုဖြစ်ရပ်ကတော့ အရှိန်မြင့်လာတဲ့ သဘောတွေ့ရပါတယ်။
နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ပွားလာမလားဆိုတာကတော့ မြန်မာနအဖအစိုးရဘက်က ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာပဲ
မူတည်တယ်။ KIA ဘက်ကတော့စပြီး မပစ်ခတ်ဘူးလို့ ဗိုလ်မှူးချူပ် ဂွမ်မော် ဘီဘီစီကို ပြောပါတယ်။
မှတ်ချက် ။ ။ ဘီဘီစီအင်တာနက်စာမျက်နှာပေါ်မှာ သတင်းထူးရင်ထူးသလိုဖော်ပြမည်ဟုရေးထားပါသည်။
သွားရောက်ဖက်ရှုရန် http://www.bbc.co.uk/burmese