ကြံ့ခိုင်ရေးပါတီ ထောက်ခံကြောင်း အပြောကြောင့် မြို့တော်ဝန် ဈေးဖွင့်ခွင့်ပေး

မေလ ၂၄ရက်က မီးလောင်ကျွမ်းလို့ ပိတ်ထားခဲ့တဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကို အခု ရက်ပိုင်းအတွင်း ပြန်ဖွင့်လိုက်ပြီလို့ သိရပါတယ်။

မေလက မီးကြောင့် အပေါ်ဆုံး ငါးထပ်နဲ့ ခြောက်ထပ်မှာ မီးလောင်သွားပြီး လုံးဝ ပျက်စီးသွားပေမယ့် အောက်ထပ်က ဆိုင်ခန်းတွေ ဖွင့်ခွင့် မရဘဲ ရှိနေရာက ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဈေးကို လာစစ်ဆေးချိန် ဈေးသည်တယောက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံကြောင်း ပြောလိုက်ပြီးတဲ့နောက် ဖွင့်လှစ်ခွင့် ပေးလိုက်တာလို့ ဆိုင်ရှင် တယောက်က ပြောပါတယ်။

“သူက နာမည်ကောင်း ယူချင်လို့သာ လုပ်တာကိုး။ ဈေးသူဈေးသားတွေကကိုယ့်ဘာသာကိုယ်ပြင် ကိုယ့်ဘာကိုယ် ဖောက်၊ ကိုယ့်ဘာသာကိုယ် ရှင်းရတာ။ သို့သော်လည်း ဖွင့်ခွင့်ပေးတာကိုတော့ ကျေးဇူးတင်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံ ဝင်ငွေမှ မရှိကြတာကိုး။ သိပ်မကြာသေးဘူး၊ အလွန်ဆုံးကြာ ငါးရက်ပေါ့”

မီးလောင်သွားတဲ့ အပေါ်ဆုံး ၂ ထပ်ကတော့ မဖွင့်လှစ်သေးဘူးလို့ သိရပါတယ်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်း တဦးအနေနဲ့ တောင်ဥက္ကလာပ မြို့နယ်ကနေ ၀င်ရောက် ယှဉ်ပြိုင်ပါမယ်။ ညနေဆိုရင် သိမ်ဖြူ တင်းနစ်ကွင်းမှာ တင်းနစ်ကစားလေ့ရှိပြီး ရုံးကိစ္စတွေ လမ်းကိစ္စတွေဆိုရင် ရုံးလာစရာမလိုဘဲ ကစားကွင်းမှာ ဆောင်ရွက်နိုင်တယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုသာ မဲထည့်ဖို့ ပြောတယ်လို့လည်း လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ သူနဲ့ ကစားဖော် လူရင်းတဦးကတဆင့် သိမ်ဖြူ တင်းနစ်ကွင်းမှာ ဦးအောင်သိန်းလင်းကို ဆက်သွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။

တပ်မမှူးဟောင်းတဦး ဖြစ်ခဲ့တဲ့ မြို့တော်ဝန် ဦးအောင်သိန်းလင်းရဲ့ ဇနီးဟာလည်း အဂတိ လိုက်စားရာမှာ နာမည်ကြီးတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။

မေလက မင်္ဂလာဈေး မီးအကြောင်း ပြည်တွင်းထုတ် Newsweek ဂျာနယ်မှာ ဖော်ပြခဲ့ရာမှာ “မြို့တော်ဝန်၏ စီမံဆောင်ရွက်မှုကြောင့် မင်္ဂလာဈေးကြီး မီးလောင်သွားခဲ့ရာမှ ယခင်ထက် ပိုမို ကောင်းမွန်လာတော့မည်” လို့ ဖော်ပြ ပါရှိပါတယ်။ ဒီအတွက် မင်္ဂလာဈေး မီးလောင်ခဲ့မှုမှာ မြို့တော်ဝန်နဲ့ တာဝန်ကင်း မကင်း ဝေဖန်တာတွေ ထွက်ပေါ်ခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: