လားရှိုးကနာမည်ကြီး KDUP ပါတီအနိုင်ရလျှင် USDP နှင့် ပူးပေါင်းဖို့များ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လူဦးရေ ထက်ဝက်ခန့်အင်အားရထားသော Kokang Democracy and Unity Party (KDUP) ကိုးကန့်ဒီမိုကရေစီနှင့်သွေးစည်းညီညွတ်ရေးပါတီအနိုင်ရခဲ့သည်ရှိသော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် သာပူးပေါင်း အားဖြည့်အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ကိုးကန့်ပါတီဝင်တဦးကပြော သည်။

“လားရှိုး လူဦးရေထက်ဝက်ကျော်ရထားတယ်ဆိုတာ အချို့တ၀က်ဟာ အာဏာပါဝါသုံးပြီးရထားတာ။ အနိုင်ရလာ ရင်လဲ ကြံ့ဖွတ်နဲ့ဘဲ ပူးပေါင်းမှာဘဲ။ KDUP ဟာ ကြံ့ဖွတ်ရဲ့ကိုယ်စားပြုပါတီဖြစ်နေတယ်ဆိုတာ လူထုမသိဘူး။ သိကြရင်တော့ ထောက်ခံအားပေးမှာမဟုတ်ဘူး” ဟု ၎င်းကပြော၏။

KDUP ကိုးကန့် ပါတီဥက္ကဌ လော်ရှင်းကွမ်းမှာ (MNDAA ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်းအား တော်လှန် ပုန်ကုန်ခဲ့ သည့်) လက်ရှိ ပိုင်ဆုံချိန်ခေါင်းဆောင်သည့် ကိုးကန့်တပ်ဖွဲ့ ဒုဥက္ကဌ လျိုကော်ရှီး၏ ရင်းနှီးသောမိတ်ဆွေ ဖြစ်သည် ဟု ဆို၏။

“ကျနော်က ကိုးကန့်ပါတီဝင်ဆိုပေမယ့် မတရားနည်းနဲ့ရတာကို သဘောမကျဘူး။ အနှောင့်အယှက် အရှုပ်အထွေး မရှိရင် တော့ တခြားပါတီကိုဘဲ မဲပေးမှာ” ကြံ့ဖွတ်ပါတီနှင့် ကိုးကန့်ပါတီအား သဘောမကျသူ အဆိုပါလူငယ်က ဆက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့ ဒုဥက္ကဌ လျိုကော်ရှီး (အသက် ၇၅ နှစ်) သည် ဖုန်ကြားရှင်း၏ ကိုးကန့်တပ်ဖွဲ့မပြိုကွဲခင်ကတည်းက နအဖ ၏ ညောင်နှစ်ပင်ညီလာခံသို့တက်ရောက်ခဲ့ဖူးသည်။ ထိုနောက်ပိုင်း ၎င်း၏ သား လျိုရှော်စန်းမှာ မိုးကုတ်၌ စပါယ်ရှယ် ကျောက်တွင်းတခု ရရှိခဲ့သည်။

၂၀၀၉ သြဂုတ်လက ကိုးကန့်တပ်ဖွဲ့၏ ဒုဥက္ကဌ (စစ်အစိုးရကိုထောက်ခံသော) ပိုင်ဆုံချိန်က နအဖစစ်တပ်အကူအညီ ယူ၍ ခေါင်းဆောင် ဖုန်ကြားရှင်းအား တော်လှန်ပုန်ကန်ပြီး ဥက္ကဌ နေရာယူခဲ့သည်။ စစ်အုပ်စုဆန္ဒ အတိုင်း ၂၀၀၉ ဒီဇင်ဘာလ ၄ ရက်က ကိုးကန့်နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ အဖြစ် အသွင်ပြောင်းခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: