ကြံ့ဖွံ့ပါတီ မဲရုံတစ်ရုံကိုယ်စားလှယ် ၃ ဦး ထားရန် ငွေပေးငှား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီက ရွေးကောက်ပွဲနေ့တွင် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေရှိ မဲရုံများ၌ ကိုယ်စားလှယ်များ ထားရန် ယမန်နေ့ကစ၍ ငွေပေးငှားရမ်းနေကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေရှိ မဲရုံတစ်ရုံလျှင် ကြံ့ဖွံ့ပါတီကိုယ်စားလှယ် ၃ ဦးစီ ထားရှိမည်ဖြစ်ပြီး တစ်ဦးလျှင် တစ်ရက် ကျပ် ၃,၀၀၀ နူန်းဖြင့် ဒေသတွင်း၌ လိုက်လံ ငှားရမ်းနေကြောင်း နမ့်ခမ်းကြံ့ဖွံ့ပါတီအသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယမန်နေ့ကစတင်ခဲ့သည့် ဒေသတွင်း ကြံ့ဖွံ့ပါတီဝင်များ၏ စည်းရုံးရေးခရီးတွင် မဲရုံကိုယ်စားလှယ် ငှားရမ်းမည့် ကိစ္စကို တစ်ပါတည်း ဆောင်ရွက်နေကြောင်း သိရသည်။

“မဲရုံထားမဲ့နေရာတိုင်းပေါ့ ကိုယ်စားလှယ် ၃ ဦးစီထားမယ် တစ်ယောက်ကို တစ်ရက် ၃,၀၀၀ ပေးမယ် ရွာတွေမှာ ပါတီအမာ ခံတွေ ရှိတာပေါ့ မဲရုံစောင့်ဖို့က သူတို့ကနေ တဆင့်ပြန်ငှားရမှာပေါ့ သူတို့ခိုင်းတဲ့သူပေါ့” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲ မဲဆွယ်ရေးခရီးအတွက် ယမန်နေ့က ကြံ့ဖွံ့ပါတီဝင် ၃၀၀ ၀န်းကျင်ခန့်စေလွတ်ခဲ့ခြင်း ဖြစ်ပြီး တစ်ယောက် လျှင် တစ်ရက် ၂၀၀၀ ကျပ်နူန်း စရိတ်ပေးခဲ့ကြောင်း သိရသည်။

“မနေ့က ပါတီဝင် ၃၀၀ လောက် လူခွဲပြီးရွာတွေကို လွတ်လိုက်တယ်၊ စာရိတ်က တစ်ရက် ၂,၀၀၀ ပေးတယ် ရွာတွေမှာရှိ တဲ့အိမ်တိုင်း စာစောင်တွေဝေမယ် တစ်ရွာကိုဝတ်စုံ ၁၅ စုံစီလည်းပေးမယ် မဲပေးတဲ့နေ့မှာ ၀တ်စုံတွေက ပါတီ အမာခံနဲ့ မဲရုံကိုယ်စားလှယ်တွေ ၀တ်ဖို့ပေါ့ ၀တ်စုံကတော့ အကျီနဲ့ဦးထုတ် ပုဆိုးတော့မပါဘူး” သူက ဆိုသည်။

နမ့်ခမ်းမြို့နယ်အတွင်း မဲရုံထားမည့် ကျေးရွာစာရင်းအား သျှမ်းသံတော်ဆင့်က လက်လှမ်းမှီသ၍ စုံစမ်းရာတွင် ကွန်ဟိုင်း၊ ဟိုဆိုင်း၊ နောင်တိန်း၊ မန့်ဟောင်း၊ နောင်ကောင်း – ကွန်လုံ (နှစ်ရွာ) နှင့် နောင်စန့် – ဟိုကိုင် ( နှစ်ရွာ) စသည့် ရွာများ၌ မဲရုံထားရှိမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူ အား ငွေအားတွင် အခြားနိုင်ငံရေးပါတီများထက် အဆပေါင်းများစွာ သာလွန်သုံးစွဲနိုင်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေ၌ သျှမ်းကျားဖြူပါတီ၊ ကြံဖွံ့ပါတီ၊ ပလောင် ပါတီ စသည့် ၃ ပါတီသည် အဓိကယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: