တရုတ်မယ်ပြိုင်ပွဲတွင် ပလောင်အမျိုးသမီး တတိယဆုရ


တရုတ်နယ်စပ် ရွေလီမြို့၌ အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် တရုတ် – မြန် မာ ဆွေမျိုးပေါက်ဖေါ် အလှမယ်ပြိုင်ပွဲ၌ သျှမ်းပြည် (မြောက်ပိုင်း) မှ ပလောင်အမျိုးသမီးလေးက တတိယဆု ရရှိခဲ့သည်။

အသက် ၂၂ နှစ်အရွယ် ကွတ်ခိုင်သူ မစိုးနွေသည် ရွေလီရောက် မြန်မာကုန်သည်များအား ကိုယ်စားပြု၍ ယခုလ ၂ရက် နှင့် ၃ ရက်နေ့များက နမ့်မောင်း (ခေါ်) ရွေလီမြစ်ဘေးတွင် ကျင်းပသည့် အလှမယ်ပြိုင်ပွဲ၌ မြန်မာအလှမယ် ၅ ဦး အပါအ၀င် စုစုပေါင်း အလှမယ် ၄၄ ဦးနှင့်အတူ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ – ယခုလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် တရုတ် – မြန်မာဆွေမျိုးပေါက်ဖေါ်ပွဲတွင် ရွေလီမြို့တွင်းလှည့်ပတ်အလှ ပြနေသည့် မြန်မာလှည်းယဉ် တစ်စီးအား တွေ့ရစဉ်။ (ဓါတ်ပုံ – SHAN)

ယခုလ ၁၀ ရက်နေ့က ရွေလီမြို့ ဟိန်းရှင်းဟော်တည်တွင် ဆုပေးပွဲအခမ်းအနားကျင်းပခဲ့ပြီး သူမသည် ဆုငွေအဖြစ် တ ရုတ်ငွေယွမ် ၂၀,၀၀၀ ဆွတ်ခူးရရှိခဲ့ကြောင်း ဆုပေးပွဲကော်မတီနှင့်နီးစပ်သူ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရွေလီရောက် မြန်မာကုန်သည်များက ဖိတ်တာပေါ့ မူဆယ်ကတော့ ခယက/ မယက ကိုယ်စား စည်ပင်ဦးစီးလာတယ်။ ဆေးရုံအုပ် ကုန်သည်များအသင်း လာကြတယ် တရုတ်ဘက်ကတော့ ရွေလီမြို့တော်ဝန်တက်တယ်” ဟု သူက ပြော သည်။

တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖေါ် အလှမယ်ပြိုင်ပွဲတွင် မူဆယ်မြို့မှ ယှဉ်ပြိုင်သူက ပထမဆု၊ တရုတ်ကုမ္ပဏီကိုယ်စားပြု ယှဉ်ပြိုင်သူ တရုတ်အမျိုးသမီးက ဒုတိယဆု ဖြင့် အသီးသီးဆုများရရှိကြောင်း ရွေလီရောက် မြန်မာကုန်သည် တစ်ဦးက ပြောသည်။

သူမသည် လားရိုးတက္ကသိုလ်တက်ရောက်နေသည့် မြန်မာစာဒုတိယနှစ် ကျောင်းသူ ဖြစ်ကြောင်း သိရသည် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: