ကိုးကန့်လူထုအား KDUP ပါတီက မဲစာရွက်နမူနာဖြင့် မဲခြစ်နည်းသင်ပေး

ယခုတပါတ်အတွင်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးးမြို့၌ ကိုးကန့်ပါတီ KDUP က ကိုးကန့်လူထုအား မဲစာရွက်နမူနာ ထုတ် ပေးကာ မဲခြစ်နည်း၊ထည့်နည်းများ သင်ပေးနေကြောင်း စုံစမ်းသိရှိရသည်။

အထူးသဖြင့် ကိုးကန့်တရုတ်လူမျိုးထူထပ်စွာနေထိုင်ကြသည့် လားရှိုးမြို့ ရပ်ကွက် ၂ စာရေးကုန်း၊ ရပ်ကွက် ၇ လုံလော့၊ ရပ်ကွက် ၈ မန့်ဆုနှင့် ရပ်ကွက် ၁၂ လားရှိုးးကြီးတို့၌ မဲပေးပိုင်ခွင့်ရှိသူ ကိုးကန့်များ အား မဲစာရွက်နမူနာပုံစံ လိုက်လံဖြန့် ဝေပြီး သင်ကြားပေးနေကြောင်း ရှမ်းတရုတ် ကပြား အမျိုးသမီးတစ်ဦးက ပြောပြ၏။

“ပါတီလိုဂိုဖြစ်တဲ့ ကြိုးနှစ်ချောင်းကိုးကန့်စောင်း အမှတ်တံဆိပ်ဘေးနားကအကွက် အမှန်ခြစ်ရမယ့် နေရာမှာ ဘယ်အရွယ် အစား နဲ့ ဘယ်ပုံစံခြစ်ရမယ်ဆိုတာ ပြီးခဲ့အပတ်ကစပြီး ကနေ့အထိ ပြနေတယ်” ဟု အသက် ၂၅ နှစ်ရှိ လားရှိုးကြီးဈေး အတွင်းကုန်စုံဆိုင်ပိုင်ရှင် ကလည်းပြောသည်။

လားရှိုးမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၃၀,၀၀၀ ကျော်အနက် ကိုးကန့်ပါတီ KDUP က မဲဆန္ဒ ၅၀,၀၀၀ ကျော် သေချာ ပေါက်ထောက်ခံမဲရနိုင်သည့် အလားအလာရှိကြောင်း ကိုးကန့်ပါတီဝင်တဦးက လည်း ပြောပြ၏။

“လားရှိုးမှာကိုးကန့်ပါတီကတော့ နံပါတ်တစ်ဘဲ။ အင်အားကြီးတဲ့ ကြံ့ဖွတ်ပါတီ၊ ကျားဖြူပါတီတောင်မှ နံပါတ်နှစ်သုံးပေါ့။ ဘာကြောင့်လဲဆိုတော့ လားရှိုးမှာတရုတ်စကားပြောတတ်တဲ့သူတွေများတယ်လေ” ဟု မူဆယ်ရောက် လားရှိုးတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် ကိုးကန့်ပါတီ KDUP၊ ကြံ့ဖိုင်ဖွံ့ဖြိုးရေးပါတီ USDP၊ တစည ပါတီ NUP နှင့် ကျားဖြူပါတီ SNDP အပြင် ၀ WNDP နှင့် ပလောင်ပါတီ တို့လည်း ၀င်ပြိုင်မည်ဟု ကြားသိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: