ရခိုင်မျိုးစောင့် အုပ်စု ၃နှစ်ပြည့်အခမ်းအနား ဂျပန်တွင် ကျင်းပ

ရခိုင်မျိုးစောင့်အုပ်စု (Arakan Rakhitta Group) ၏ ၃နှစ်ပြည့် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ shijuku – san pei Hall တွင် အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ခဲ့ကာ ရခိုင့်နိုင်ငံ အောင်လံတော်ကို ရခိုင်စစ်ချီတော် သီချင်းဖြင့် သီဆို အလေးပြုကြပြီး ရခိုင်ပြည် အတွက် အသက်စွန့်သွားသော သျှင်ဦးမြဝါနှင့် ရခိုင်ပြည်လွတ်မြောက် ရေးအတွက် အသက်စွန့်သွားခဲ့ကြသော ရခိုင်အာဇာနည်များ၊ ပြည်သူပြည်သားများအတွက် တမိနစ်ခန့် ငြိမ်သက် ဆုတောင်းအမျှဝေခဲ့ကြသည်။

အခမ်းအနား ကျင်းပ ရခြင်း ရည်ရွယ်ချက်ကို ရခိုင်မျိုးစောင့် အုပ်စုမှ ကိုလှရွှေက ယခုကဲ့သို့ ပြောသည်။

“အခမ်းအနားမှာ ကျနော်တို့ လက်ရှိလုပ်နေကြတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ တင်ပြ ခဲ့တာတွေ ရှိပါတယ်။ ရခိုင်ပြည် ဘက်ပေါင်းစုံက တိုးတက်မယ့် လုပ်ငန်းတွေကို တခြား အဖွဲ့အစည်း တွေနဲ့ လက်တွဲပြီးတော့ လုပ်သွားဖို့အကြောင်းတွေကိုလည်း တင်ပြခဲ့ပါတယ်။ ပြီးတော့ ဒီ ၃နှစ် တာကာလ အတွင်းမှာ ရခိုင်မျိုးစောင့် အုပ်စုရဲ့ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေကိုလည်း တင်ပြ ခဲ့ပါတယ်။”

၎င်းပြင် ကိုလှရွှေက “ ၃နှစ်တာကာလ အထဲမှာ ရခိုင်မျိုးစောင့်အုပ်စုလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာတော့ အတိုင်းအတာ တခုထိ ကျေနပ်မှုတော့ရှိပါတယ်။ တတ်နိုင်ရင် ကျနော်တို့ ဒီထက် အများကြီး လုပ်ချင်ပါတယ်။ ပထမဆုံး ကျနော်တို့ “နိုင်ငံအကျိုးပြုအဖိုးတန် ရတနာများ” ဆိုတဲ့ စာအုပ်ကို ပြည်တွင်းထဲက ဝယ်ယူပြီးတော့ နိုင်ငံတကာကို တဆင့် အခမဲ့ ဖြန့်ဝေခဲ့ပါတယ်။ ရခိုင် မျိုးဆက်သစ် တွေ အတုယူစရာတွေ အများကြီးပါဝင်တဲ့ အတွက်ဖြစ်ပါတယ်။ ပြီးတော့ “ဟန်ဆောင် တိုင်းရင်းသား”ဆိုတဲ့ ဒီဗွီဒီ အခွေပါ။ အဲဒီခွေက တော်တော့ကို ထိရောက်ပြီးတော့ အများကြီး အကျိုးရှိ တယ်လို့ ထင်ပါတယ်” ဟုပြောသည်။

၎င်းအပြင်“ နောက် “ဘင်္ဂလာအော် လှိုင်းသံ” ဆိုတဲ့ လက်ကမ်း စာစောင်ကိုလည်း ဖြန့်ဝေနိုင်ခဲ့ပါ တယ်။ ဒုက္ခရောက်နေတဲ့ ရခိုင်မိသားစုတွေနဲ့ ရခိုင်နိုင်ငံရေး မိသားစုအတွက်လည်း ကျနော်တို့ အတတ်နိုင်ဆုံး ကူညီ ပေးခဲ့တာတွေလည်း ရှိပါတယ်။ အခုလည်း “ပါလီမန်ဒီမို ကရေစီခေတ် ရခိုင်ပြည်နိုင်ငံရေးနှင့် မျက်မှောက်ခေတ် ဘူးသီးတောင်၊ မောင် တော အခြေအနေ” ဆိုတဲ့ စာအုပ်ကို ဖြန့်ဝေနေပါပြီ။ နောက်ပြီးတော့ ရခိုင်စာပေ မြင့်တင်ဖို့အတွက် ရခိုင်သင် ပုန်ကြီးဆိုတဲ့ စာအုပ်ကို ထုတ်ဝေဖို့အတွက် ပြင်ဆင် နေပါတယ်။” ဟု သူက ပြောသည်။

ရခိုင်မျိုးစောင့်အုပ်စု အဖွဲ့ဝင်များက ၎င်းတို့တာဝန်ယူထားသော ကဏ္ဍအလိုက် လုပ်ဆောင်မှုများကို အခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ) ယာယီ ဥက္ကဌ ဦးဇော်မင်းခိုင်၊ ဦးထွန်းဝေ၊ ဦးမြတ်သူ၊ ဦးဖိုးသိန်းတို့မှ ရခိုင်မျိုးစောင့်အုပ်စု၏ လုပ်ဆောင်ချက်မျးကို ဝေဖန်သုံးသပ် အကြံပြု ပြောကြား ခဲ့ကြပြီး တက်ရောက်လာသူများကလည်း မေးမြန်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားတွင် လူပေါင်း ၆၀ ခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၂နာရီတွင် စတင် ခဲ့ကြပြီး တက်ရောက်လာသူများကို ညနေစာဖြင့် ဧည့်ခံကာ ည ၉နာရီတွင် အောင်မြင်စွာ အဆုံး သတ်ခဲ့ကြကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် မင်းဆက်ခိုင် ရေးသားသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: