တောင်ပိုင်းအရပ်သား ၀ လူထု ထောင်ချီ မဲပေးပိုင်ခွင့်စာရင်းမှ ထုတ်ပယ်ခံရ

ပုံပါကျင်မြို့နယ်ခွဲ အတွင်း အသက် ၁၈ အထက် မဲပေးပိုင်ခွင့်ရှိသူ ၀ ကျေး လက် လူထု ထောင်ချီအား မိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲပေးပိုင်ခွင့်စာရင်းမှ ထုတ်ပယ်လိုက်ကြောင်းစုံစမ်း သိရှိရပါသည်။

ပုံပါကျင်မြို့နယ်ခွဲ အတွင်း အသက် ၁၈ အထက် မဲပေးပိုင်ခွင့်ရှိသူ ၀ ကျေး လက် လူထု ထောင်ချီအား မိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲပေးပိုင်ခွင့်စာရင်းမှ ထုတ်ပယ်လိုက်ကြောင်းစုံစမ်း သိရှိရပါသည်။

“မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ထဲပါဝင်တဲ့ ဟွေ့အော့ကျေးရွာအုပ်စု နမ့်ဟူးခွန်ကျေးရွာအုပ်စုက မှတ်ပုံတင်ကိုင် မဲဆန္ဒပေးခွင့်ရှိသူထောင်ချီ ၀ လူထု ကိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပယ် ထားတာဟာ မတရားဘူး” ဟု ၀ ရွာသူကြီးတဦး ကပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်က တောင်ပိုင်း ၀ ဌာနချုပ် မိုင်းကျွတ် ဒေသ အတွင်း မဲပေးပိုင်ခွင့်ရှိသည့် မူလဇာတိသျှမ်းလူမျိုး ၁၅၀ ကျော် နှင့် ပုံပါကျင်မြို့နယ်ခွဲမှ ဟွေ့အော့ ကျေးရွာ အုပ်စု နမ့်ဟူးခွန် ကျေးရွာအုပ်စုမှ ၀ လူဦးရေ ထောင်ချီအား မဲပေးပိုင်ခွင့်စာရင်းမှ ပြီးခဲ့တဲ့ အပတ်က ထုတ် ပယ်လိုက်ပြီဟု ဆိုသည်။

“နမ့်ဟူးခွန်နဲ့ဟွေ့အော့အုပ်စု ဥက္ကဌက သျှမ်းတွေဆိုတော့ ၀ တပ်ထိန်းချုပ်နယ်မြေအတွင်း မဲပေး ခွင့်ရှိသူ ၀ ရွာသားစာရင်း သွားကပ်ဖို့မြို့နယ် ရွေး ကောက်ပွဲ ကော်မရှင်ပြောတာကိုသူတို့သွားမကပ်ရဲဘူး လို့တင်ပြတယ်။ နောက်တရက်တော့ အဲ့ဒီစာရင်းတွေ ပါယ်ချက်ကြောင်းရွေးကောက်ပွဲကော်မရှင်ဆီ တင်ပြလိုက်တယ်” – ဟု ဆိုသည်။

စက်တင်ဘာလလယ်ပိုင်း ကျားဖြူပါတီ ဥက္ကဌနှင့် ဒုဥက္ကဌ အဖွဲ့ မိုင်းတုံ ပုံပါကျင် မိုင်းဆတ် မြို့နယ်ဘက် စည်းရုံးရေး ဆင်းစဉ် ကျေးလက် ၀ လူထု အကြီးအကဲတချို့က သျှမ်းပါတီကိုသာမဲပေးမည် ဟု မိတ်ဆုံ ညစာ စားပွဲ၌ ကတိစကား ပြောထားသောကြောင့် ယခုကဲ့သို့ပယ်ထုတ်ခြင်းဖြစ်နိုင်သည် ဟု အဆိုပါ ၀ ရွာသူကြီး တစ်ဦးကပြောပါသည်။

၁၉၉၉ မှ ၂၀၀၁ အထိ မြောက်ပိုင်း ၀ နယ်မှ တောင်ပိုင်းထိုင်းနယ်စပ် မိုင်းတုံ-မိုင်းဆတ်မြို့နယ်သို့ UWSA ၀ တပ်က ရွေ့ပြောင်းပေးသည့် ၀ လူဦးရေ ရှစ်သောင်းရှိသည်ဟု ၀ တပ်ဖွဲ့က ပြောဆိုသော် လည်း LNDO လားဟူအမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ထိုင်းနယ်စပ်ရောက် ၀ လူဦးရေ ၁၂၆,၀၀၀ ရှိဟု ဖေါ်ပြခဲ့ ဖူး၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: