မူဆယ်ခရိုင်တွင် မဲရုံကိစ္စ ယခုလ အပြီး ဆောင်ရွက်မည်

ရွေးကောက်ပွဲကျင်းပရက် နီးကပ်လာချိန်တွင် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်း မဲရုံများ ထားရှိမည့်ကိစ္စကို အောက်တိုဘာလ ၂၅ ရက်နေ့ အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမဲရုံကိစ္စအား ရွေးကောက်ပွဲ ကော်မရှင်က ညွန်ကြားခြင်း ဖြစ်ပြီး မူစယ်တွင် မဲရုံ ၈၆ ခုနှင့် နမ့်ခမ်းတွင် ၁၀၈ ခုထား ရှိမည် ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ရက်အတွင်း မဲရုံကိစ္စများ ပြီးစီးစေရန် အဆိုပါ မြို့နယ်များအတွင်း ညှိနိုင်မီအစည်းအဝေးများ ပြုလုပ်နေကြောင်း အာဏာပိုင်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တနေ့ကအစည်းအဝေးလုပ်တယ်လေ ဒီနေ့လည်းထပ်လုပ်တယ် မူစယ်မှာက မဲရုံ ၈၆ ရုံ နမ့်ခမ်းမှာ ၁၀ဂ ရုံ ထားမယ် ညွန်ကြားချက် အရ မဲရုံဆောက်မဲ့ကိစ္စတွေကို ဒီလ ၂၅ ရက်နေ့ နောက်ဆုံး ပြီးအောင်လုပ်ရမယ်” လို့ သူက ဆိုသည်။

မူစယ်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ရသောင်းကျော်နှင့် နမ့်ခမ်းမြို့နယ်တွင် ၆၆၆၆၃ ရှိရာ မဲရုံအရည်အတွက်နှင့် လူဦးရည် အချိုးအစား ညီမျှမှု မရှိကြောင်း သိရသည်။

“မူစယ် တစ်မြို့ထဲမှာတောင် လူနဲ့မဲရုံ မညီမျှတာ တွေ့ရတယ် မုံးကိုးမြို့နယ်ခွဲမှာ လူဦးရည် ၃၀၀၀ ကျော် မဲရုံ ရ ရုံ ထားတယ် ဖိုင်ကျန်းမှာလည်း လူ ၃၀၀၀ ကျော်ရှိတယ် မဲရုံ ၁ ရုံပဲထားတယ်ဆိုတော့ ထူးခြားတာပေါ့” ဟု သူက ဆိုသည်။

မူစယ်မြို့ပေါ်တွင် မြို့ပေါ် ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာ ၅၀ ၀န်းကျင်ရှိပြီး နမ့်ခမ်းမြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၁၆ ခုနှင့် ရွာ ၅၂ ခု ရှိကြောင်း သိရသည်။

ယခုအခါ မဲပေးခြင်းကိစ္စများ ပြင်ဆင်လျက်ရှိရာ နမ့်ခမ်းမြို့နယ် အထက်တန်းကျောင်းတွင် မဲပေးခွင့်ရှိသူများ စာရင်း ကပ်ထားကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: