လားရှိုးမြို့နယ်လူဦးရေထက်ဝက်က ကိုးကန့်ပါတီအား မဲပေးဖွယ်ရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်လူဦးရေထက်ဝက်က အခြားပါတီများထက် ကိုးကန့် ပါတီကိုသာ မဲပေးဖွယ်ရှိနိုင် ကြောင်း တရုပ်နယ်စပ်ရွှေလီသတင်းရပ်ကွက်ကဆိုပါသည်။

“မဲပေးပိုင်ခွင့်ရှိသူ ဦးရေ တ၀က်လောက်ဖြစ်တဲ့ ကိုးကန့်တရုပ်လူမျိုးတွေကို ကိုးကန့်ပါတီက မဲဆန္ဒပေးခွင့်ရှိသူစာရင်း ဇယားအတိအကျနဲ့မဲဆွယ်နိုင်ထားပြီးပြီ၊ ကြံ့ ဖွတ်၊ တစည၊ ကျားဖြူပါတီတွေက ကျန်တ၀က်ကိုအလုအယက် မဲရကြဖို့ ရှိတယ်။ ကိုးကန့်ပါတီ ရဲ့အမျိုးသားလွတ်တော်အမတ်လောင်းက လော်ရှင်းကွမ်း လေ” ဟု ရွှေလီရောက် တက္ကသိုလ် ကျောင်းသား လားရှိုးသားတဦးက ပြော သည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၃၀,၀၀၀ ကျော်အနက် ကိုးကန့်ပါတီ KDUP က ၅၀,၀၀၀ ခန့်၏မဲဆန္ဒကိုသေချာပေါက်လုနီးပါး ရနိုင်ခြေရှိသည် ဟုဆို၏။

“ရှင်းရှင်းပြောရရင် ဒီလားရှိုးမှာ ကျားဖြူပါတီအတွက် အခြေအနေသိပ်မဟန်လှဘူး။ ကျားဖြူမပြောနဲ့ အာဏာပါဝါသုံး တဲ့ ကြံ့ဖွတ်တောင်မှ အနိုင်ရဖို့အကြိတ်အနယ်မဲဆွယ် ရမယ်။ အလားအလာသိပ်မတွေ့ ရဘူး” ဟု ၄င်းက ဆက်ပြော သည်။

အောက်တိုဘာ 6-7 ရက် များ၌ လားရှိုးမြို့နယ် ကြံ့ဖွတ်ပါတီက မတ်ချီ့နူအုပ်စု ဘက်သို့လည်းကောင်း၊ အောက်တိုဘာ 4-5 ရက်များ၌ ကျားဖြူပါတီက မိုင်းပိုင် နမ့်ပေါင့်ဘက်သို့လည်းကောင်းစည်းရုံးရေး ဆင်းလျက်ရှိကြောင်းလည်း ကြား သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: