တံတားပြင်နေသဖြင့် လားရိုး – မိုင်းရူးလမ်းတွင် ညအိပ်ရ

လားရိုး – မိုင်းရူး လမ်းအပိုင်းရှိ နမ့်လောင်းနှင့် နမ့်ပေါင့်ချောင်းကူး တံတားများပြင်နေသဖြင့် ယခုအခါ လားရိုး – မိုင်းရူး ခရီးသွားများ လမ်းတွင် တစ်ညအိပ်နေရကြောင်း လွန်ခဲ့သည့် ၂ ရက်ခန့်က လားရိုးသို့ ပြန်ရောက်လာသည့် ကုန်သည် တစ်ဦး၏ အဆိုအရ သိရသည်။

အဆိုပါတံတားများအရောက်တွင် ကားများကို နာရီနှင့်ချီကြာအောင် စောင့်ဆိုင်းစေပြီး အသုတ်လိုက်ခွဲ လွတ်သဖြင့် ခရီး နှောင့်နှေးကာ နမ့်ပေါင့်အလွန် မိုင်းရယ်အနီး၌ ကားများ တစ်ညအိပ်ရပ်နားရကြောင်း သိရသည်။

“တံတားတွေပြင်နေတာ ၂ ပတ်လောက်ရှိပြီ ဖြုတ်လိုက်တပ်လိုက်နဲ့ မပြီးသေးဘူး တံတားနားရောက်ရင် ၂ နာရီလောက် စောင့်ရတယ် တစ်ရက်ကို ကား ၁၀ စီးလောက်စီ ၂ သုတ် ၃ သုတ်ခွဲခွဲပြီးလွတ်တယ် နမ့်ပေါင့်ကအထွက် နမ့်ပေါင့်စခန်း လို့ခေါ်တာပေါ့ဗျာ တည်းခိုခန်းတွေရှိတွေ အဲဒီမှာ အိပ်ရတယ်” လို့ သူက ဆိုသည်။

မိုင်းရူး – လားရိုး ခရီးစဉ်တွင် ကောင်းလမ်း၊ နမ့်လောင်း၊ နမ့်ပေါင့်၊ မိုင်းရယ် နှင့် လားရိုး စသည့် နေရာများကို ဖြတ်သွား ရပြီး ပုံမှန်အားဖြင့် အဆိုပါ ခရီးကို ၄ နာရီဝန်းကျင်သာ သွားရကြောင်း သိရသည်။

“ခရီးသွားတွေတော့ တော်တော်ကို အခက်အခဲဖြစ်နေတယ် မိုင်းရယ်ဂိတ်မှာလည်း အစစ်အဆေးများတယ် မျက်နှာကို ငုံ့ ကြည့်ပြီး မှကို စစ်ဆေးတာ” လို့ သူက ဆိုသည်။

မိုင်းရူးမြို့သည် ပြည်သူ့စစ်ဖွဲ့စည်းရေး လက်မခံသည့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လက်အောက်ခံ တပ်မဟာ ၁ ထိန်းချုပ်ရာ ၀မ်ဟိုင်းအနီးတွင် တည်ရှိပြီး အဆိုပါဒေသသည် သျှမ်းတပ်များ လှုပ်ရှားရာ နယ်မြေဖြစ်ကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: