SSA-S တပ်မဟာ ၁ အခြေချလှုပ်ရှားတပ်ဖွဲ့များအား မိုင်းရယ်-သီပေါ ကားလမ်းမြောက်ဘက်မှ တပ်ရုပ်ပြန်ခိုင်း

ပြည်သူ့စစ်လုပ်ရန် ငြင်းဆန်သည့် တပ်မဟာ ၁ နှင့် နအဖ စစ်တပ်ကြား တတိယအကြိမ် တိုက်ပွဲဖြစ်ပွါးသည့် နောက်ပိုင်း သီပေါ-လားရှိုးကြား ကားလမ်းတ၀ိုက်အခြေစိုက်လှုပ်ရှားနေကြသည့် တပ်ဖွဲ့အားလုံး တပ်ရုပ် ဆုတ်ခွါရန် ရမခတိုင်းမှူးက အောက်တိုဘာ ၂ ရက်၌ ညွှန်ကြားလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

ပြည်သူ့စစ်လုပ်ရန် ငြင်းဆန်သည့် တပ်မဟာ ၁ နှင့် နအဖ စစ်တပ်ကြား တတိယအကြိမ် တိုက်ပွဲဖြစ်ပွါးသည့် နောက်ပိုင်း သီပေါ-လားရှိုးကြား ကားလမ်းတ၀ိုက်အခြေစိုက်လှုပ်ရှားနေကြသည့် တပ်ဖွဲ့အားလုံး တပ်ရုပ် ဆုတ်ခွါရန် ရမခတိုင်းမှူးက အောက်တိုဘာ ၂ ရက်၌ ညွှန်ကြားလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

“အထူးသဖြင့် မိုင်းရယ်-သီပေါကားလမ်းမြောက်ဘက်ခြမ်း၊ မိုင်းရယ်-ဟိုယ-လားရှိုး ကားလမ်းအနောက်ဘက်ခြမ်းအားလုံးနဲ့ ဟိုယ-နမ့်ပေါင် ကားလမ်းတောင်ဘက်ခြမ်းတွေမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တပ်မဟာ ၁ တပ်ဖွဲ့အားလုံး တပ်ရုပ်ခိုင်းတာ” ဟု တပ်မဟာ ၁ မိသားစုဝင်တစ်ဦးကပြော၏။

အဆိုပါနေရာအချို့၌ နအဖစစ်တပ်ကဆင့်ခေါ်သဖြင့် မိုင်းဟိုင်းအခြေစိုက် လောမားဦးဆောင်သော ဌာနေပြည်သူ့စစ်မန့်ပန် အခြေစိုက် ဗိုလ်မွန်းဦးဆောင်သော မန့်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့နှင့် စိန်ကျော့ပြည်သူ့စစ် အချို့ပူးပေါင်း၍လှုပ်ရှားလာသည် ဟုလည်း မိုင်းရယ်ဒေသခံ တစ်ဦးက ပြောပြ၏။

“ဦးလွယ်မောဝ်ရဲ့အိမ်ရှိတဲ့ ဟန်နားက ပြည်သူ့စစ်တွေက ခလရ ၁၄၇ တပ်နဲ့ ပူးပေါင်းလှုပ်ရှားတယ်၊ မိန်းခေးပြည်သူ့စစ်နဲ့ နအဖစစ်တပ် ပူးပေါင်းပြီးတော့လဲ ကားလမ်းလုံခြုံရေးဆိုပြီး လှုပ်ရှားတာတွေ့ရတယ်” ဟုအဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော် ဆင့် သို့ ပြောပြပါသည်။

SSA-N တပ်မဟာ ၁ တပ်ဖွဲ့များ တပ်ရုပ်ခြင်းမရှိပါက မည်သို့မည်ပုံအရေးယူမည်ကိုမူ မပြောဟုဆို၏။ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ကလည်း ယနေ့ထိ တပ်ရုပ်ထွက်ခွါပေးခြင်း တစုံတရာ မရှိသေးကြောင်း လားရှိုးရောက် ကုန်သည် တဦးကပြောပါသည်။

ထို့အတူ အောက်တိုဘာ ၃ ရက်နေ့က လားရှိုးမှလာသော နအဖ တုန်းဖုန်း စစ်ကား ၄ စီးကလည်း စစ်သားအပြည့်ဖြင့် မိုင်းရယ်ဘက် ထပ်မံရောက်ရှိနေသော်လည်း – “တပ်မဟာ ၁ ကတော့ လွယ်လွယ်နဲ့ တပ်ရုပ်ပြန်မယ့်ပုံမပေါ်ဘူး” ဟု အသက် ၃၀ ကျော် မိုင်းရယ်လူငယ် အမျိုးသားတဦးကပြောပြပါ သည်။

စက်တင်ဘာ ၃၀ ရက် ပြည်သူ့စစ်အသွင်ပြောင်းလိုက်သည့် ဌာနချုပ်စိန်ကျော့၏အရှေ့ဖက် မိုင်းရယ်နှင့် သီပေါကြားမိုင်းရယ် အနောက်ဘက် ကောင်းနျုရွာအနီး ခမရ (၃၂၅) အင်အား ၅၀ ကျော်ပါ စစ်ကြောင်းက အင်အား ၇ ယောက်သာရှိသည့် သဋမ်း တပ်ဖွဲ့တပ်စခန်း တခုကိုဝင်စီးခဲ့ရာ မိနစ်ပိုင်းတိုက်ပွဲဖြစ်ပြီး အင်အားချင်းမမျှသဖြင့် စခန်းကဆုတ်ခွာပေးခဲ့ရသည်။ နှစ်ဘက်စလုံး သေကြေဒဏ်ရာ ရခြင်းမရှိဟု သျှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောပါသည်။

ထို့အတူတောင်ပိုင်း ၀ တပ်ဖွဲ့အားလည်း မြောက်ပိုင်းသို့တပ်ရုပ်ပြန်ရန် သျှမ်းပြည်တောင်ပိုင်း မိုင်းတုံအခြေချ စစ်ဗျူဟာမှူး က –
“အသွင်ပြောင်းရေး ဆွေးနွေးညှိနှိုင်းဖို့ဆိုတာ ခင်ဗျားတို့အတွက်အချိန်လွန်သွားပြီ။ ခင်ဗျားတို့လမ်း ၃ ခုဘဲ ရွေးဖို့ရှိတယ်။ မြောက်ပိုင်းကိုတပ်ရုပ်ပြန်မလား။ လက်နက်အပြီးချမှာလား၊ ဒါမှမဟုတ် ပြန်တိုက်မလား” ဟုပြောကြောင်း တောင်ပိုင်း ၀ တပ်မှူး ကပြောပြပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: