(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငွေသိန်းမှပြော

ဆူးပန်း(အောက်တိုဘာ-၆)။ ။ပြည်တွင်းပြည်ပမှ မွန်နိုင်ငံရေးအဖွဲ့များနှင့်စုပေါင်းဖွဲ့စည်းထားသည့် မွန်အမျိုးသားရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ကျေညာချက်သည် ရွေးကောက်ပွဲဝင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုသာမက ကျန်တိုင်းရင်း သား နိုင်ငံရေးပါတီအပေါ်တွင် အဟန့်အတားဖြစ်စေသည်ဟု ပါတီဥက္ကဌနိုင်ငွေသိန်းမှ ချေပပြောဆိုခဲ့သည်။

မွန်အမျိုးသားရေးရာအဖွဲ့ချုပ်၏ထုတ်ပြန်ကျေညာချက်တွင်မဲရုံမသွားရေး မဲမထည့်ရေးအတွက် သက်ဆိုင်ရာ မွန်ဒေသများတွင် စည်းရုံးလှုံ့ဆော်သွားမည်ဆိုသည့်အချက်အပေါ်တွင် မည်သို့မျှဟန့်တားနိုင်မည်မဟုတ်ဟု နိုင်ငွေသိန်းမှ ကောင်းဝါသတင်းဌာနကို အောက်ပါအတိုင်းပြောဆိုခဲ့သည်။

“အဟန့်အတားဖြစ်တာပေါ့။ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ဆုံးဖြတ်ထားပြီး သား။ စီစဉ်ထားပြီးသားဆိုတော့ ကျွန်တော်တို့နောက်မဆုတ်တော့ဘူး။ သို့သော်လဲပဲ ဒီလိုလုပ်ခြင်းအားဖြစ် တော့ ဘာဖြစ် မလဲဆိုတော့ မဲရုံသွားတဲ့သူကို ဘယ်သူမှမသွားရဘူးဆိုတဲ့အထိကတော့ ဘယ်လိုမှမတန့်ဘူး မလုပ်နိုင်ဘူး။ အဲတာကြောင့်မို့လို့ (MAU)ရဲ့ဒီလိုမျိုး မဲရုံမသွားရေး မဲမထည့်ရေးဆိုတာက သူတို့အတွက် မှန်တယ်လို့တွက်ပေမဲ့ ကျွန်တော်တို့မွန်အမျိုးသားတွေအတွက် မွန်အမျိုးသားတွင်မကဘူး။ အားလုံး တိုင်းရင်းသားတွေအတွက် မမှန်နိုင်ဘူး။ ပြည်မမှာဆိုပိုမမှန်ဘူး။”

ဤဆုံးဖြတ်ချက်ချခဲ့ရာတွင်လည်း မွန်အမျိုးသားရေးရာအဖွဲ့ချုပ် ဗဟိုကော်မီတီအစည်းအဝေးအတွင်း၌ အငြင်းပွါးစရာဖြစ်ခဲ့သည်ဟု အဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှူး နိုင်လရီရော့မှ ပြောပါသည်။

“ကျွန်တော်တို့လဲအဲတာအတွက် အငြင်းအခုန်ဖြစ်ကြပါတယ်။ ဒီဆွေးနွေးပွဲမှာဆိုရင်တော့။ ဒါပေမဲ့ MAU(Mon Affairs Union)ကတော့ ဒေသကြီး(၄)ခုနဲ့ဖွဲစည်းထားတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် ကော်မီတီ အပိုင်းသူတို့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့နာခံရမယ်။ မွန်ပါတီအသစ်ဆိုတာကတော့ သူတို့ ရဲ့အမြင်နဲ့သူတို့ လုပ်ကြတာ။ သူတို့ဝင်ပြိုင်လဲကျွန်တော်တို့အားမပေးပါဘူး။ ဒါပေမဲ့သူတို့ကို အဟန့် အတားဖြစ်စေအောင် ကျွန်တော် တို့ မလုပ်ပါဘူး။ ဒါကျွန်တော်တို့ရဲ့ပေါ်လစီဘဲ။”

စစ်အစိုးရမှ ဦးစီးပြီးကျင်းပပေးမည့် အထွေထွေရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါ အဝင် ပြည်တွင်းပြည်ပမှအတိုက်အခံများနည်းတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ မွန်ပြည်သစ်ပါတီတို့ကလည်း လက်ခံခြင်း မရှိဟု ထုတ်ပြန်ကျေညာထားသည်။ သို့သော်လည်း တချို့နိုင်ငံရေးပါတီများကမူ လွှတ်တော်ကိုယ်စားလှယ် အနည်းငယ်ရလျှင်လည်း လွှတ်တော်တွင် မိမိတို့အမျိုးသားအခွင့်အရေးအတွက် ပြောဆိုခွင့်ရမည်ဟုယုံကြည်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများလဲရှိသည်။

ယနေ့အထိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန် ချက်အရ လာမည့်နိုဝင်ဘာလရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း(၃၇)မှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: