မြန်မာဒုက္ခသည်စခန်း (၂) ခုတွင် တုပ်ကွေးရောဂါ ဖြစ်သူများ

မြန်မာဒုက္ခသည်စခန်း (၂) ခုတွင် တုပ်ကွေးရောဂါဖြစ်ပွားသူ (၁,၅၀၀) ခန့်ရှိသည့်အနက် သေဆုံးသူ (၂) ဦးရှိပြီး ၀က်တုပ်ကွေးဖြစ်ပွားနေသူ (၅) ဦးရှိကြောင်း ထိုင်းကျန်းမာရေးဌာနက စစ်ဆေးတွေ့ရှိခဲ့သည်။

တုပ်ကွေးရောဂါ ကူးစက်မှု ဆိုးရွားစွာဖြစ်ပေါ်နေသည့် ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယမ်းမြို့နယ်ရှိ မယ်ရာမိုစခန်းနှင့် မဲ့လာအူးစခန်း (၂) ခု၌ ရောဂါကူးစက်မှုကို ကာကွယ်ရန် ထိုင်းအာဏာပိုင်များက စခန်းအတွင်း ၀င်ထွက်သွားလာမှုများကို ကန့်သတ်လိုက်ပြီး လူစုလူဝေးမလုပ်ရန် တားမြစ်ထားသည်ဟု သိရသည်။

စခန်းကျန်းမာရေးဝန်ထမ်းတဦးက “ဒီစခန်း (၂) ခုမှာ တုပ်ကွေးရောဂါ ဖြစ်နေသူတွေထဲက (၅) ဦးကို ချင်းမိုင်ဆေးရုံပို့ပြီး စစ်ဆေးတာ အားလုံး AH1N1 ရောဂါဖြစ်ပွားနေတာ သိရတယ်။ စခန်းထဲမှာ တုပ်ကွေးဖြစ်နေတဲ့လူက (၁,၅၀၀) နီးနီးလောက်ရှိတယ်။ အဲဒီ အထဲကနေ AH1N1 ဖြစ်တဲ့လူ ဘယ်လောက်ရှိလဲ မသိရသေးဘူး။ ဒီလူအားလုံးကို မြို့ပေါ်တက်ပြီး ဆေးစစ်ဖို့ကလည်း အခြေအနေကမပေးဘူး။ ဒီရက်ပိုင်းမှာပဲ (၂) ယောက်ကတော့ တုပ်ကွေးနဲ့ သေသွားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလလယ်မှ စတင်ဖြစ်ပွားခဲ့သည့် တုပ်ကွေးရောဂါ ကူးစက်မှုကြောင့် ထိုင်းကျန်းမာရေးဌာနနှင့် စခန်းအာဏာပိုင်များက ထိုစခန်းများအား စက်တင်ဘာလကုန်မှစ၍ ယခုလ အောက်တိုဘာ (၁၃) ရက်နေ့အထိ လုံးဝ ၀င်ထွက်ခွင့် ပိတ်ပင်ထားသည်ဟု ကရင်ဒုက္ခသည်ကော်မတီ၏ ဥက္ကဋ္ဌက ပြောသည်။

ရောဂါထိန်းချုပ်နိုင်ရေးအတွက် ထိုင်းကျန်းမာရေးအဖွဲ့နှင့် ဒုက္ခသည်များကို ကျန်းမာရေးအကူအညီများပေးနေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက စခန်းအတွင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစခန်းများအတွင်းရှိ စာသင်ကျောင်းများကိုလည်း ယခင်လကုန်မှစတင်ကာ ပိတ်ထားရပြီး အခြေအနေဆိုးရွားနေသည့် လူနာများကို စခန်းဆေးရုံများရှိ အထူးကြပ်မတ်ဆောင်များတွင် ဆေးဝါးကုသပေးနေသည်ဟု စခန်းကျန်းမာရေး ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “စနစ်တကျနဲ့ ရောဂါထိန်းချုပ်မှု မလုပ်နိုင်ရင်တော့ ဒီကူးစက်ရောဂါက အတော်ကို ကြောက်ဖို့ကောင်းတယ်။ အရင်လလယ်က စဖြစ်တာ ဘာမှမကြာသေးဘူး။ အခု ဒုက္ခသည် (၁,၅၀၀) လောက်ဖြစ်နေပြီ” ဟု ပြောသည်။

အဆိုပါစခန်း (၂) ခုတွင် လတ်တလော ဖြစ်နေသည့် တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းသည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး အလားတူဖြစ်ရပ်မျိုး ယခင်က ဒုက္ခသည်စခန်းများတွင် ဖြစ်ပွားခဲ့ခြင်းမရှိဟု သိရသည်။

ဝက်တုပ်ကွေးရောဂါသည် ကိုယ်ပူချိန်မြင့်မားခြင်း၊ နှာစေး၊ လည်ချောင်းနာခြင်း၊ အသက်ရှုကြပ်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်သည်ကို တွေ့ရှိရပြီး အသက်သေဆုံးနိုင်စေသည့် ကူးစက်ရောဂါတမျိုးဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယမ်းမြို့နယ်ရှိ မယ်ရာမိုစခန်းတွင် ဒုက္ခသည်(၁၉,၅၁၀) ဦးနှင့် မဲ့လာအူးစခန်းတွင် ဒုက္ခသည် (၁၆,၈၅၀) ဦး နေထိုင်လျက်ရှိသည်။

ခေတ်ပြိုင်သတင်းထောက် ရဲရင့် ရေးသားသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: