သျှမ်းအရှေ့လူထု ကျားဖြူပါတီမဲဆွယ်စည်းရုံးရေးထိရောက်ဟုဆို

သျှမ်းပြည် အရှေ့ပိုင်းသို့ SNDP ခေါ် ကျားဖြူပါတီ ကျယ်ကျယ်ပြန့်ပြန့်စည်းရုံးရေးဆင်းနိုင်ခဲ့ပြီးနောက်ပိုင်း လူထုက အကြောက် တရားကင်းလာပြီး ကျားဖြူပါတီကို မဲပေးကြမည်ဟု မျှော်လင့်ရကြောင်း သျှမ်းအရှေ့ ဒေသခံများက ပြောပါသည်။

ပုံပါကျင်မြို့နယ်ခွဲနှင့် နားကောင်းမူးတို့၌ ကျားဖြူပါတီသို့ မိမိဆန္နအလျောက် ပါတီဝင်သူဦးရေ ၁၀၀ ကျော်စီ အသီးသီး ရရှိခဲ့ပြီး ယခုလလယ်ပိုင်း ထပ်မံစည်းရုံးဦးမည်ဟု မိုင်းတုံဒေသခံ ပါတီဝင်တဦး ကပြော၏။

“စည်းရုံးရေးသမားတွေက ပြောတတ်တာကိုး။ ဘယ်ပါတီဟာဖြင့်မကောင်းဘူး၊ ဘယ်ပါတီဟာဖြင့် ကောင်းတယ် ဆိုတာ မပြောဘူး။ ၀က်သားစားလာတာ အနှစ် ၃၀-၄၀ ရှိနေပြီတဲ့။ အီရော-၀ရောပေါ့-တဲ့။ အပြောင်း အလဲ လေးဖြစ်အောင် တခြားဟင်းခွက် စမ်းနှိုက်ကြည့်ပါလား- တဲ့” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြော၏။

ကျားဖြူပါတီ စည်းရုံးရေးမှူးတဦးကမူ သံလွင်အရှေ့ခြမ်း၌ကျေနပ်အားရဖွယ်ရှိသကဲ့သို့ သံလွင်အနောက်ခြမ်းတွင်လည်း လင်းခေး၊ နမ့်ဇန်မြို့နယ်တို့မှလွဲ၍ အားရဖွယ်ရှိကြောင်း ပြောသည်။

“သံလွင်အရှေ့ခြမ်း တာချီလိတ်္မမ့နယ် မိုင်းကိုး၊ တာချီလိတ်၊ မိုင်းဖုန်းဘက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက သွားစည်း ရုံးတယ်။ ၂ ပါတ်ကျော်အချိန်ယူပြီး တရက်မှာ ၅ ရွာကနေ ၈ ရွာအထိ စည်းရုံးနိုင်ခဲ့တယ်။ ၁ ရွာ နာရီဝက်လောက် ဘဲပြောရတယ်။ ၁ ရွာလူ အယောက် ၂၀ ကနေ ၅၀ ကျော်အထိ လာရောက်နား ထောင် ကြတယ်။ မဲထည့်ရာမှာ မိမိအခွင့်အရေးကိုအစွမ်းကုန်အသုံးချဖို့၊ကိုယ်ဘာထဲ့ထဲ့ဘယ်သူမှမမြင်ရဘူး။ ကိုယ့် ကိုမဖမ်းနိုင်ဘူး-ပြောပြတော့ ရွာသားတွေက ‘အဲလိုလွတ်လွတ်လပ်လပ်ထဲ့နိုင်ရင်တော့ ကိုယ့်လူမျိုးရဲ့ ပါတီကိုဘဲ ထဲ့မှာပေါ့’ လို့ပြောကြတယ်” ဟု အကျယ်တ၀င့်ရှင်းပြသည်။

သဋမ်းပြည်အရှေ့ပိုင်းတွင် SNDP ကျားဖြူပါတီကကြံ့ဖွတ်ပါတီ၊ တစည ခေါ် NUP ပါတီ နှင့် လားဟူအမျိုး သား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သို့သော် နအဖ စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်က သျှမ်းပြည်၏ သံလွင်အရှေ့ပိုင်းရှိ ၀ နှင့် မိုင်းလား ထိန်း ချုပ်နယ်မြေအပါအ၀င်မြို့နယ်ပေါင်း ၁၂ ခုမှ ကျေးရွာအုပ်စုပေါင်း ၅၀ ကျော်၊ ရွာပေါင်း ၃၀၀ ကျော် အား ရွေးကောက် ပွဲကျင်းပရေး မဲဆန္ဒနယ်မြေမှ ပါယ်ဖျက်ထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: