သီရိလင်္ကာရောက် မိဘမဲ့ကလေးများ မြန်မာပြည်ပြန်ရေး သီတဂူဆရာတော်ကူညီ

သီရိလင်္ကာနိုင်ငံမှာ ဒုက္ခရောက်ပြီး အဆင်မပြေဖြစ်နေတဲ့ မြန်မာကလေး ၁၀၀ ကျော် ပြန်ခေါ်ဖို့ သီတဂူဆရာတော်ကြီး ကြိုးစားနေရာမှာ ၃၅ ယောက် ပါဝင်တဲ့ ပထမဦးဆုံး အသုတ်ဟာ လာမဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးတွေနဲ့ မုန်တိုင်းဒုက္ခသည် မိသားစုဝင်ကလေးတွေ ပါဝင်ပြီး အသက်အရွယ်အားဖြင့် ၁၀ နှစ်ကနေ ၁၄ နှစ်သားအထိ အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ အများစုဟာ သာမဏေနဲ့ သီလရှင် ဝတ်ထားသူတွေ ဖြစ်ပြီး ဟိန္ဒူဘာသာဝင် ကလေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်း လာရောက်လုပ်ကိုင်တဲ့ သီရိလင်္ကာ ရဟန်းတော် ဒေါက်တာစန္ဒိနာထေရ်က ပညာသင်ကြားပေးမယ် ဆိုပြီး လွန်ခဲ့တဲ့တနှစ်လောက်က ကလေးတွေကို ခေါ်ယူသွားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတွေကို ပညာသင်ကြားပေးခြင်း မရှိပဲ လူတွေ ခွဲထားပြီး စားဖို့သောက်ဖို့ သူတို့ဖာသာသူတို့ ရုန်းကန်လှုပ်ရှားကြရတယ်လို့ ချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဌာနရဲ့အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သီရိလင်္ကာနိုင်ငံက ဝေးလံတဲ့အရပ်ဒေသတွေမှာ နေထိုင်ကြရတဲ့ မြန်မာကလေးတွေအနေနဲ့ ကိုယ့်ရပ်မြေကို ပြန်ချင်နေကြောင်း မိဘတွေ၊ သီရိလင်္ကာနိုင်ငံမှာ စာသင်ကြားနေတဲ့ မြန်မာသံဃာတော်တွေဆီ စာရေးသား အကြောင်းကြားလာတဲ့အတွက် ဒီအခြေအနေတွေ အများက သိရှိလာတာ ဖြစ်ပါတယ်။ အဖြစ်အပျက် အသေးစိတ်ကို သီတဂူဆရာတော်ရဲ့ အင်တာနက်စာမျက်နှာ http://www.sitagucenter.org မှာ ဖတ်ရှုနိုင်ပါတယ်။
သီတဂူဆရာတော်ကြီးကိုယ်တိုင် ကလေးတွေရဲ လေယာဉ်စရိတ်ကို ကူညီပေးပြီး ပြန်ခေါ်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး သီရိလင်္ကာ မြန်မာသံရုံးကလည်း အကူအညီပေးနေတယ်လို့ သိရပါတယ်။ လာမဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဆရာတော်ကြီးကိုယ်တိုင် ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သီတဂူနဲ့ နီးစပ်သူတွေက RFA ကို ပြောပြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: