ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ လူထုထောက်ခံမူများ ရရှိနေ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းမှာ ရခိုင်လူထု ထောက်ခံမူကို ရရှိနေသဖြင့် အောင်မြင်မူ ရရှိနေကြောင်း သတင်း ရရှိသည်။

ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက “ ကျွန်တော် ၃ ရက်နေ့က တရားသီးစု ဓမ္မာရုံမှာ လူထုစည်းဝေးကို ညနေ ၇ နာရီကနေပြီး ၉ နာရီခွဲထိ ပြုလုပ်ခဲ့ပါတယ်။ ရပ်ကွက်နေလူထု ၅၀၀ ကျောက် တက်ရောက်ခဲ့ပါတယ်။ ဓမ္မာရုံနဲ့ မဆန့်အောင် လာရောက်အားပေးကြပါတယ်” ဟု ပြောသည်။

စစ်တွေလူထုမှာ ဖိတ်ကြားစရာ မလိုဘဲ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ စည်းရုံးရေး လုပ်သည့်အခါတိုင်း တက်ရောက်အားပေးနေကြသဖြင့် ပါတီ အလားအလာမှာ ကောင်းမွန်နေသည်ဟု သူက ပြောသည်။

“ ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်တယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ပါတီ အောင်ပွဲ ရနိုင်ပါတယ်။ အဲသလို မဟုတ်ရင်တော့ မပြောတတ်ဘူး။ စစ်တွေမှာရော နယ်တွေမှာပါ ရခိုင်လူထု အားပေးထောက်ခံမူက အားရစရာ ကောင်းပါတယ်။ ရခိုင်လူထုက နိုင်ငံရေး နိုးကြားတက်ကြွမူ ရှိပါတယ်” ဟု သူက ပြောသည်။

စက်တင်္ဘာ ၃၀ ရက်နေ့က စစ်တွေမြို့ လမ်းမတော်တောင် ရပ်ကွက် သမ္မာသင်္ကပ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သော မဲဆွယ်စည်းပွဲတွင် ရပ်ကွက်နေလူထု အများအပြားတက်ရောက်ခဲ့ပြီး ဓမ္မာရုံတွင် မဆန့်သဖြင့် အပြင်ပနေပြီး ကုလားထိုင်များချကာ ပြည်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ရတပ ပါတီ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းမှာ အောင်မြင်မူ ရနေသလောက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ လူထုစည်းဝေးပွဲကို ရပ်ကွက် ရယကများ အကူအညီကို ယူပြီး လူထု အတင်းတိုက်တွန်း လုပ်ဆောင် နေရကြောင်းနှင့် တက်ရောက်သူမှာ မရှိသလောက်ပင် ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူ တစ်ယောက်က ပြောသည်။

“ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ရခိုင်မှာ အားနဲ့ လုပ်မှ နိုင်ပါလိမ့်မယ်။ မတရားသဖြင့် လုပ်နေတာတွေကို လူတွေက မြင်နေကြတော့ ကြံ့ဖွံ့ကို ထောက်ခံမယ့် တူတူ တစညကို ထောက်ခံမယ်ဆိုပီး ပြောနေကြသံတွေလည်း ကြားနေရပါတယ်။ ဒီလောက်အားနဲ့ ဖိအားပေး လုပ်နေတာတောင်မှ လူတွေက ထောက်ခံမူ မရှိ ဖြစ်နေတော့ ရွေးကောက်ပွဲ တရားသဖြင့် ဖြစ်ရင် ကြံ့ဖွံ့ပါတီ သောက်သောက်လဲ ရှုံးပါလိမ့်မယ်။”

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို အာဏာပိုင်များ တားမြစ်ခဲ့သည့်ကြားထဲက စစ်တွေတွင် ကျင်းပခဲ့မူ အပါအ၀င် ဆရာတော် ပညာစာရ ဖမ်းဆီးခံရမူ အတွက် မကြောက်မ၀ံ့ ကျေညာချက် ထုတ်ပြန် ကန့်ကွက်ခဲ့သဖြင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှာ လူထု ယုံကြည်မူကို တခဲနက် ရရှိနေကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် သင်းသဇင်ခိုင် ရေးသားသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: