ချင်းပြည်နယ်ရှိ မြို့နယ်အချို့ နိုဝင်ဘာမှာ ရိက္ခာလုံးဝပြတ်ဖွယ်

ချင်းပြည်နယ်အတွင်း ဆက်လက်ဆိုးဝါးနေဆဲဖြစ်တဲ့ ကြွက်သောင်းကျန်းမှုပြဿနာ ကြောင့် မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ စတဲ့ တောင်ပိုင်းမြို့နယ်တချို့မှာ အခု နိုဝင်ဘာလအတွင်း စားနပ်ရိက္ခာ လုံးဝပြတ်တောက်မဲ့ အခြေအနေ ရှိတယ်လို့ ရန်ကုန်မြို့အခြေစိုက် ချင်းပြည်နယ် ကြွက်နှိမ်နင်းရေးနဲ့ ပြန်လည် ထူထောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဒင်က RFA ကို အောက်တိုဘာ ၅ ရက် ဒီကနေ့ ထုတ်ဖော်ပြောကြား ပါတယ်။

“ပလက်ဝမြို့နယ်ရယ်၊ ကန်ပက်လက်မြို့နယ်ရယ်၊ မင်းတပ်မြို့နယ် အဲဒီ သုံးမြို့နယ်က အဆိုးဆုံးက မင်းတပ်နဲ့ ကန်ပက်လက်ပဲ။ မနှစ်က ၂၀၀၉ က ရတဲ့ စပါးကျီက သူတို့က စက်တင်ဘာ၊ အောက်တိုဘာ၊ တချို့က နိုဝင်ဘာ ပထမပတ်အထိတော့ စားလို့ရတယ်။ အဲဒီပြီး နောက်ပိုင်းဆို သူတို့ စားလို့ မရတော့ဘူး။ အောက်တိုဘာ နောက်ပိုင်းဆိုရင် စားစရာ သောက်စရာ မရှိတော့ဘူး။ ဘယ်လို စားရမှန်း သောက်ရမှန်း မသိဘူးလို့ သူတို့ ဖြေတယ်။ နောက်ပြီးတော့ ဟိုတပတ်က စံမပါဆိုတဲ့ ကန်ပက်လက်မြို့နယ် ရွာမှာ လေးငါး ဆယ်အိမ်လောက်က ဒီ မုန့်ဟင်းခါး ချက်တဲ့အခါမှာ သုံးတဲ့ ငှက်ပျောအူတွေ စားနေရပြီဆိုတာ သူတို့ ပြောပြတယ်။ ဆိုတဲ့အခါ တချို့ရွာတွေမှာ အခုတော့ မပြောလိုပဲ စားစရာ သောက်စရာ မရှိ ဖြစ်နေပြီ။”
အဲဒီမြို့နယ်တွေမှာ ဒေသခံ တောင်သူအများစုဟာ ပြောင်းကို အဓိက စိုက်ပျိုးလေ့ရှိပြီး၊ အခုနှစ်အတွင်း ကြွက်ဖျက်ဆီးမှုကြောင့် စိုက်ပျိုးထားတဲ့ ပြောင်းခင်းတွေရဲ့ ပျက်စီးမှုနှုန်းဟာ ၇၆ ဒသမ ၅၈ ရာနှုန်း ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ချင်းပြည်နယ်က ကြွက်သောင်းကျန်းမှု ပြနာ အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စားနပ်ရိကာ ထောက်ပံ့ ကူညီမှု ရရှိခဲ့ပေမဲ့ အခုနှစ်ထဲမှာတော့ အကူအညီ မရှိသလောက် ဖြစ်နေတယ်လို့ ဦးအောင်ဒင်က ပြောပါတယ်။
“ဒီနှစ်က တော်တော်ကို ပိုဆိုးတယ်။ ပိုဆိုးတယ်ဆိုတာက ပလက်ဝမြို့နယ်မှာက ရွာပေါင်း လေးရာနဲ့ တစ်ရှိတယ်။ ဒါပေမဲ့၊ အခုဖြစ်တာက ရွာပေါင်းက ၂၀ လောက်ပဲ ကျန်တော့တယ်။ ရွာပေါင်း ၃၈၀ လောက်ကတော့ အဆင်ပြေသွားပြီ။ ဟို ထန်တလန်၊ ဟားခါးတို့ ဆိုလို့ရှိရင် မနှစ်တနှစ်ကတော့ ဖြစ်တယ်။ အခု ဒီ လွန်ခဲ့သော သြဂုတ်လကုန်နဲ့ စက်တင်ဘာ ၅ ရက်အတွင်းမှာ သူတို့ ဒီ ချင်းပြည်နယ် ၉ မြို့နယ် အားလုံးကို သူတို့က စစ်တမ်းကောက်လိုက်တယ်။ ကောက်လိုက်တဲ့ အခါမှာကျရင် ကျန်တဲ့ မြို့နယ် ၇ မြို့နယ်တော့ နည်းနည်း အိုကေ ဖြစ်သေးတယ်။ ဒီ ကန်ပက်လက်၊ မင်းတပ်ကတော့ တော်တော်ကို ဆိုးတယ်။ ဒီနှစ် ၂၀၁၀ မှာဆိုရင် ကျွန်တော် ကြားသလောက်က သူတို့ မကူညီဘူး။ အဲဒီ မြို့နယ်တွေမှာ အကူအညီ မလာဘူး။”
ချင်းပြည်နယ်က ကြွက်သောင်းကျန်းမှုပြဿနာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ငတ်မွတ်ခေါင်းပါးမှု နောက်ဆုံးအခြေအနေအကြောင်း ရန်ကုန်မြို့အခြေစိုက် ချင်းပြည်နယ် ကြွက်နှိမ်နင်းရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မတီ ဥက္ကဋ္ဌ MEET NGO အဖွဲ့ အကြီးအကဲ ဦးအောင်ဒင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: