အာဏာပိုင်အသိုင်းအ၀ိုင်းပိုင် လိုင်စင်မဲ့ကားများ အဖမ်းမခံရ

လိုင်စင်မဲ့ကားများကို မူစယ်မြို့၌ စက်တင်ဘာလ ၂၅ ရက်နေ့မှ စ၍ ဖမ်းဆီးလာခဲ့သော်လည်း အာဏာပိုင်များနှင့် ပတ်သက်သူများ ပိုင်ဆိုင်သည့် လိုင်စင်မဲ့ကားများ ဖမ်းဆီးခြင်းမခံရကြောင်း စုံစမ်းသိရသည်။

ယခင် လားရိုးစစ်တိုင်းမှူးမှ ကစထမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသူ ဗိုလ်ချုပ်အောင်သန်းထွဋ်နှင့် ပတ်သက်သူများ၊ ဋ္ဌာန ဆိုင်ရာများနှင့် ပတ်သက်သူများ၏ လိုင်စင်မဲ့ကားများ အဖမ်းမခံရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဗိုလ်ချုပ်အောင်သန်းထွဋ် ညီအရင်း အောင်လင်းထွဋ် ပိုင်တဲ့ စိတ်ကြိုက်ကားလိုအဖွဲ့တွေရဲ့ လိုင်စင်မဲ့ကားတွေကို မဖမ်း ဘူး ထည်လဲစီးနေတယ် မြို့ထဲမှာလည်း ပေါ်တင်ရပ်တယ် လိုင်စင်မဲ့ကား ၄ စီးလောက်ရှိတယ် ” လို့ ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် ၄င်းနှင့် နီးစပ်သူ လိုင်စင်မဲ့ကားကုန်သည်ကြီး တစ်ဦးပိုင်သည့် ကားများကို တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှ မူစယ်မြို့သို့ ယခုရက်ပိုင်းအတွင်း တင်သွင်းခဲ့သေးရာ ဖမ်းဆီးမှုမရှိကြောင်း သိရသည်။

“ဂျပန်နိုင်ငံကနေ တရုတ်လမ်းဝင်တဲ့ ၀စ်သောက်တွေပေါ့ဗျာ တရုတ်ကနေ မူစယ်ဘက်ကို ထွက်ရတယ်ဗျ အဲဒါမှ တရုတ် ကို ဖြတ်လို့ရတာ ၂ဂ ရက်နေ့က ဂ စီးသွင်းတယ်၊ ၃၀ ရက်နေ့က ၁၀ စီး ဆင်ဖြူဂိတ်ပေါက်ကနေ၀င်တယ် အဲဒီကားတွေ အဖမ်းမခံရဘူး ” ဟု သူက ဆိုသည်။

မူစယ်တွင် အောက်တိုဘာလ ၁ ရက်နေ့အထိ ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကား ၃၁ စီး ရှိပြီဖြစ်ကြောင်း မူစယ် ကညန ၀န်ထမ်းတစ်ဦးက ပြောသည်။

“ဋ္ဌာနဆိုင်ရာတိုင်းမှာ ၀စ်သောက်ကားရှိတယ် မဖမ်းခင် ၂ ရက်လောက်ကတည်းက ကြိုရှောင်ထားပြီပေါ့ စရဖတို့ ရဲတို့ နဲ့ နီးစပ်တဲ့ သူတချို့တော့ အခုထိပေါ်တင် စီးနေတယ် ” ဟု နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။
ယခုအဖမ်းခံရသည့် လိုင်စင်မဲ့ကား အများစုသည် လိုင်စင်မဲ့ကားကုန်သည်ကြီးအချို့နှင့်သာမန်အရပ်သားများ ပိုင်သည့် ကားများ ဖြစ်ကြောင်း သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: