မဲဆွယ်ဖို့ မျက်စိကုပေးတာ လူ၅၀ မျက်စိကွယ်

မကွေးတိုင်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုမည့် အမတ်လောင်းက မဲဆွယ်စည်းရုံးတဲ့အနေနဲ့ လူတွေကို မျက်စိခွဲစိပ်ကုပေးရာမှာ လူအတော်တော်များများ မျက်စိကွယ်သွားကြရတယ်လို့သိရပါတယ်။ရေစကြိုမြို့နယ် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဠှဗိုလ်ချုပ်မြင့်မောင် ဦးစီးဦးဆောင်ပြီး လူထုကို စည်းရုံးတဲ့အနေနဲ့ မျက်စိ အခမဲ့ ကုသပေးတဲ့အခါမှာ အခုလို လူအတော်များများ မျက်စိကွယ်ကြရတာ ဖြစ်ပါတယ်။

ပထမ အသုတ်အနေနဲ့ မြန်မာဆရာဝန်တစ်ဦးက ဝေဒနာရှင် ၁၇၀ကျော် ခွဲစိပ်တဲ့အခါမှာ အောက်မြင်မှုရခဲ့ပေမယ့် ဒုတိယအသုတ် ထိုင်ဝမ်က တရုတ်ဆရာဝန် ခွဲစိပ်ရာမှာတော့ လူနာ ၁၈၀မှာ ၅၀ နီးပါးကတော့ မျက်စိကွယ်သွားကြပါတယ်။

ခွဲစိပ်တာကတော့ တစ်ရက်တည်းပါ၊ ဒီကနေ့ခွဲပြီး မနက်ဖြန်ခါကျတော့ ပတ်တီးဖြည်လိုက်တာပါပဲ ဘယ်လိုဖြစ်သွားတယ်လို့တော့ မသိပေမယ့် မျက်စိကတော့
မမြင်ရတော့ဘူးလို့ထင်တာပဲလို့ အဲဒီ ဒေသခံ ဝေဒနာရှင်ကပဲ ပြောပါတယ်။မျက်စိကွယ်ကြရတဲ့ လူ၅၀ထဲမှာ သံယာတော်တစ်ပါးကတော့ မျက်စိထဲပိုးဝင်သွားလို့
မျက်စိထုတ်လိုက်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဘာ့ကြောင့် အခုလိုဖြစ်ရတယ်ဆိုတာကို ရေစကြိုမြို့နယ် ဒေသခံဆရာဝန်တစ်ဦးက ဘီဘီစီကို ပြောပြရာမှာ ဇွန်လ ၁၆၊၁၇ က ပထမ အသုတ်မင်းဘူးက
ဒေါက်တာအောင်ဆန်းဝင်း ဦးဆောင်ပြီးခွဲတာ အာလုံးကောင်းတယ်၊ ဒုတိယအသုတ်က ဇူလိုင်လ ၁၁ရက်နေ့ ထိုင်ဝမ်ဆရာဝန်ကတစ်ရက်တည်းနဲ့ လူနာ
၁၈၀လောက်ခွဲချသွားတယ် ၊ ဝေဒနာရှင် ၁၀၀မှာ တစ်ယောက်တလေတော့ အခုလိုဖြစ်တတ်တာတော့ရှိတတ်ပေမဲ့၊ အခုဟာက လူအများကြီးဖြစ်တာဆိုတော့
ခွဲစိတ်တဲ့ဆရာဝန်ရဲ့ ပေါ့ဆမှုကြောင့်လို့ သူထင်တဲ့အကြောင်း ပြောပြပါတယ်။

အခုလက်ရှိ မျက်စိမမြင်ရတဲ့ ဒေသခံတွေကတော့ သူတို့မျက်စိကို တခြားဆရာဝန်တွေနဲ့ ပြကြည့်တဲ့အခါမှာလည်း မရနိုင် မမြင်နိုင်တော့ဘူးလို့ ဘီဘီစီကို
ပြောပြသွားကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: