ရခိုင် ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖေါက်

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သည် ချမှတ်ထားသော ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ပြဌာန်းချက်များကို ချိုးဖေါက်နေကြောင်း သတင်း ရရှိသည်။

“ အဓိက ချိုးဖေါက်နေတာကတော့ ဘာသာရေး အဆောက်အဦးတွေမှာ မဲဆွယ် စည်းရုံးရေး လုပ်ပိုင်ခွင့် မရှိဆိုတဲ့ အတိအလင်း ပြဌာန်းထားတဲ့ ဥပဒေကို သူတို့က ချိုးဖေါက်ပြီး ကြံ့ဖွတ် ပါတီကို ခွင့်ပြု ပေးနေတယ်လေ။ ဒါက သူတို့ ချမှတ်ထားတဲ့ ဥပဒေကို သူတို့ ချိုးဖေါက်တာဘဲ ဖြစ်ပါတယ် ” ဟု စစ်တွေက နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သည် တခြား နိုင်ငံရေး ပါတီများကို ဘာသာရေး အဆောက် အဦးများဖြစ်ကြသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် မဲဆွယ် စည်းရုံးခွင့် မပြု သော်လည်း ကြံ့ဖွတ်ပါတီကိုမူ ဘာသာရေး အဆောက်အဦးများကို တစ်ခုပြီး တစ်ခု ခွင့်ပြု ပေးနေသည်ဟု သူက ပြောသည်။

“ ကြံ့ဖွတ်ပါတီက သြဂတ်စ်လ ၃၀ ရက်နေ့က စစ်တွေမြို့ တရားသီးစု ရပ်ကွက် ဓမ္မာရုံမှာ ညနေ ၇ နာရီမှာ မဲဆွယ်စည်းရုံးရေး လုပ်သွားခဲ့ပါတယ်။ စက်တင်္ဘာလ ၉ ရက်နေ့က ဆိုရင် ကျေးပင်ကြီး ရပ်ကွက် ဓမ္မာရုံမှာ လုပ်ပါတယ်။ စက်တင်္ဘာလ ၂၁ ရက်နေ့က ဆိုရင် သင်္ခါရတနာ ဘုန်းတော်ကြီး ကျောင်းမှာ ကြံ့ဖွတ်ပါတီက မဲဆွည်စည်းရုံးရေး လုပ်သွားခဲ့ပါတယ်။”

၎င်းအပြင် ကြံ့ဖွတ်ပါတီသည် စက်တင်္ဘာလ ၁၇ ရက်နေ့က ခေါင်းလောင်းကျောင်း ဓမ္မာရုံတွင်၎င်း၊ စက်တင်္ဘာလ ၂၅ ရက်နေ့က ဆင်ကူးလမ်း ဓမ္မာရုံတွင်၎င်း၊ အဆိုပါနေ့တွင်ပင် ရဲကျော်သူ ကျောင်းတွင်၎င်း၊ ယင်းနောက်ပိုင်းတွင် လမ်းမတော်မြောက် ကိုင်းရှည် ဘုန်းတော်ကြီး ကျောင်းတွင် ၎င်း၊ မိဇံရပ်ကွက် ဧစေတီ ဓမ္မာရုံတွင်၎င်း၊ အနောက် စံပြရပ်ကွက်တွင် ဘုန်းတော်ကြီး ကျောင်းများ တွင် မဲဆွယ်စည်းရုံးရေးကို ပြုလုပ်သွားခဲ့သည်။

“ ရခိုင် ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရခိုင်မှာ ကြံ့ဖွတ်ပါတီ အနိုင်ရရေး အတွက် တဖက် တလမ်းက လုပ်ပေးနေရတော့ ခုလို ချမှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖေါက်ဖို့ ဖြစ်လာရတာပေါ့။ ခုလို အခြေအနေကြောင့် ရွေးကောက်ပွဲဟာ လွတ်လပ်ပီး တရားမျှတဲ့ ရွေးကောက်ပွဲ လုံးဝ ဖြစ်လာနိုင်ဖို့ အခြေအနေ မရှိသလို တခြားပါတီတွေ အနိုင်ရဖို့ဆိုတာကတော့ တော်တော့ကို ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။

၎င်းအပြင် ကြံ့ဖွတ်ပါတီသည် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ၏ အကူအညီကို ယူပြီး ရခိုင်လူထုကို အခွင့်အရေးပေး၍ တမျိုး ခြိမ်းခြောက်၍ တဖုံ နည်းမျိုးစုံဖြင့် မဲအနိုင် ရရှိရေး အတွက် ကြိုးပမ်းနေကြောင်း သတင်းများ ရရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: