ရတပ ပါတီ၏ ရွေးကောက်ပွဲ ခရီးစဉ် နှောင့်ယှက်မူမျိုးစုံနှင့် ရင်ဆိုင်နေရ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို စက်တင်္ဘာလ ၂၃ ရက်နေ့က စတင်နိုင်ခဲ့သော်လည်း နည်းလမ်းပေါင်းစုံနှင့် အာဏာပိုင်များ၏ နှောင့်ယှက်မူကို ခံနေကြရကြောင်း သတင်း ရရှိသည်။

ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်မှ ထိုကဲ့သို့ နှောင့်ယှက်ခံနေရမူကို ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ စက်တင်္ဘာလ ၂၃ ရက်နေ့မှာ စစ်တွေ အောင်မင်္ဂလာ ရပ်ကွက်က နေပြီးတော့ မဲဆွယ် စည်းရုံးရေးကို စတင်ခဲ့ပါတယ်။ ညနေ ၆ နာရီက ၈ နာရီထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ လူပေါင်း ၂၀၀ ခန့်လာပါတယ်။ ဒါပေမယ့်လို့ သက်ဆိုင်ရာ ရဲစခန်းမှူးတွေ လာတယ်။ ဓါတ်ပုံတွေ ရိုက်တယ်။ ဒါ့အပြင် ရပ်ကွက် ရယက ဥက္ကဌကပါ လာပြီးတော့ တက်ရောက်တဲ့ သူတွေကို ဓါတ်ပုံရိုက်တယ်။ ဓါတ်ပုံရိုက်တော့ လူတွေက ကြောက်ကြတာပေါ့။ ခုလို လုပ်တဲ့ အခါ အမျိုးသားတွေက တက်ရောက် နားထောင် ဆွေးနွေးချင်ပေမယ့်လို့ ကြောက်တဲ့ အတွက် မလာရဲတော့ဘူး။ ခုလို အခက်အခဲတွေကို ကြုံနေပါတယ်။”

အောင်မင်္ဂလာရပ်ကွက်တွင် ပြုလုပ်ခဲ့သော မဲဆွယ် စည်းရုံးပွဲသို့ တက်ရောက်ခဲ့သူ အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။

“ ကျွန်တော်တို့ နောက်တစ်နေ့ စက်တင်္ဘာလ ၂၄ ရက်နေ့မှာ မောင်နီပြင်ကျေးရွာမှာ လုပ်တော့ လည်း ရေချမ်းပြင် ရဲစခန်းမှူးက ရောက်နေပြီ ကားကို ရွာထဲမှာ ရပ်ထားတော့ လူတွေက မလာရဲ တော့ဘူး။ အမျိုးသမီးတွေ လာကြတယ်။ မောင်နီပြင်မှာလည်း ရဲရော၊ သူတို့နဲ့ ပါတဲ့ မွတ်ဆလင် တစ်ဦးရော၊ ရယက ဥက္ကဌကပါ ဓါတ်ပုံတွေရိုက်တော့ လူတွေက အားလုံး ကိုယ့်အိမ်ထဲကို ကိုယ်ပြန် ၀င်သွားကြပါတယ်။ တချို့ အမျိုးသမီးတွေလည်း အိမ်ဝင်းထဲက ခေါင်းပြူ ကြည့်ပီးတော့ မလာရဲတော့ဘူး။ လက်ရှိ ကျွန်တော်တို့ ကြုံနေကြရတဲ့ အခက်အခဲ တချို့ပါဘဲ” ဟု ဥက္ကဌက ပြောသည်။

မောင်နီပြင် ကျေးရွာတွင် ပြုလုပ်သော မဲဆွယ် စည်းရုံးပွဲတွင် လူပေါင်း ၁၀၀ ခန့်သာ တက်ရောက် ခဲ့ပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။ လွတ်လပ်စွာ လုပ်၍ ရသော အဆောက်အဦးများ မရှိခြင်၊ ဘုန်းတော်ကြီးကျောင်းများတွင် မလုပ်ရဟု တားမြစ်ထားသဖြင့် မိုးရွာလာ၍ နေ့လည် ၂ နာရီမှ ၃ နာရီထိသာ အစည်းအဝေးကို ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

မဲဆွယ် စည်းရုံးပွဲသို့ ရဲသားများ လာခြင်းမှာ လုံခြုံရေး အတွက်ဟု အကြောင်းပြသော်လည်း အစည်းအဝေး တက်ရောက်သူ ရွာသားများကို ဓါတ်ပုံရိုက်ခြင်းမှာ ကျေးရွာသားများကို သွယ်ဝိုက်၍ ခြိမ်းခြောက်သည့် လုပ်ရပ်ပင် ဖြစ်ကြောင်း ဥက္ကဌ ဒေါက်တာ အေးမောင်က သုံးသပ် ပြောဆိုသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင်ပင် မဲဆွယ်စည်းရုံးရာလုပ်ရာ၌ ယခုကဲ့သို့ နှောင့်ယှက်မူမျိုး လုပ်လျှင် နယ်ကျေးလက် တောရွာများတွင် ပိုမို၍ အခြေအနေဆိုးနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: